Connect with us

Hi, what are you looking for?

News

KIA နှင့်စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်

KIA တပ်မဟာ(၂)တပ်ရင်း (၁၄)နယ်မြေ နောင်းမှီကျေးရွာဟောင်းတွင် စစ်ရေးလှုပ်ရှား ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို အောက်တိုဘာ၈ရက် နံနက် ၇ နာရီ ၁၅မိနစ်ခန့်တွင် KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၂)တပ်ရင်း (၁၄)နယ်မြေ နောင်းမှီကျေးရွာဟောင်းတွင် စစ်ရေးလှုပ်ရှား ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို အောက်တိုဘာ၈ရက် နံနက် ၇ နာရီ ၁၅မိနစ်ခန့်တွင် KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုကြောင့် ယနေ့ နံနက် ၁၀နာရီ ၁၅မိနစ်ခန့်တွင် ဒေါ်လောင်(Daw Lawng) ကုန်း၌ တစ် ကြိမ်၊ နေ့လည် ၁၂နာရီ ၁၀မိနစ်ခန့်တွင် မန်ပန်ကျေးရွာအနီး၌ တစ်ကြိမ် KIAက ခုခံတိုက် ခိုက်ခဲ့သည်ဟုလည်း​ ဖော်ပြထားသည်။

တိုက်ပွဲ၌ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေများကိုမူ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြမထားပေ။ ယခင်သတင်းထုတ်ပြန်ချက်များတွင်လည်း အကျအဆုံ စာရင်းကို ဖော်ပြလေ့မရှိပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးပတ်ဝန်းကျင်သို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နွားကျောင်းနေသည့် အသက် ၁၄နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း အကြောင်းမဲ့ ဖမ်းခေါ်သွားသည်ဟု ဖော်ပြထာသည်။

(KIA တပ်ဖွဲ့ဝင်အချို့ကို ​၂၀၁၈ခုနှစ်က တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။