Connect with us

Hi, what are you looking for?

News

BGF တပ်ဖွဲဝင်နဲ့ရွာသားတွေအသတ်ခံရတာ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်ဖြစ်နေ

ပြစ်မှုကျူးလွန်သူတွေထဲမှာ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့အပြင် BGF နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်နှစ်ဦးလည်းပါဝင်တယ်လို့ နယ်မြေအခြေစိုက် ငြိမ်းချမ်းရေးကောင်စီအရာရှိတစ်ဦးထံကနေ သိရပါတယ်။

ပိုင်ကျုံမြို့နယ် နောင်မြလွဲရွာက နယ်ခြားစောင့်တပ် (BGF) စခန်း တိုက်ခိုက်ခံရပြီး BGF တပ်ဖွဲ့ဝင်နဲ့ ရွာသားတွေ သေဆုံးရတဲ့ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ဖမ်းဆီးရမိထားပြီလို့ ဒေသအခြေစိုက် BGF အရာရှိတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

အောက်တိုဘာ ၇ ရက်ညက နောင်မြလွဲရွာနဲ့ ကော့အိမ်ဆိုင်ရွာကြားမှာရှိတဲ့ BGF စခန်းတစ်ခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်ပြီး စခန်းအတွင်းမှာနေထိုင်တဲ့ BGF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ သူ့ရဲ့ဇနီးတစ်ဦး၊ ရွာသားလူငယ်နှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နယ်ခြားစောင့်တပ်က စုံစမ်းရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် မနေ့က ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိထားပြီး အဆိုပါကျူးလွန်သူတွေဟာ NCA လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးကောင်စီ (PC)က တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ BGF အရာရှိတစ်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေထဲမှာ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့အပြင် BGF နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်နှစ်ဦးလည်းပါဝင်တယ်လို့ နယ်မြေအခြေစိုက် ငြိမ်းချမ်းရေးကောင်စီအရာရှိတစ်ဦးထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို သူ့ရဲ့အရာရှိကိုယ်တိုင်က နယ်ခြားစောင့်တပ်အရာရှိထံ မနေ့က လွဲပြောင်းပေးအပ်လိုက်ပြီး ကျန်ရှိတဲ့သူတွေကို လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ ငြိမ်းချမ်းရေးကောင်စီ အရာရှိတစ်ဦးက ပြောပါတယ်။

” ဖြစ်တာကတော့ ပီစီတစ်ယောက်ပါတယ်။ ပီစီထဲဝင်ပေမယ့် ကိုယ်ပိုင်နံပါတ်မရသေးဘူး။ ဒါပေမဲ့ ယာယီဗိုလ်ကြီးတင်ဖို့ လျာထားတုန်းပဲ။ သူကိုယ်တိုင်တစ်ဦးပါတယ်။တပည့်တစ်ဦးပါတယ်။ သေသွားတဲ့ BGF ရဲ့ တပည့်နှစ်ယောက်လည်းပါတယ်။ ကျန်တဲ့လူ လိုက်ရှာဖမ်းနေတယ်။ အလွန်ဆုံး လေးငါးယောက်ရှိမှာပေါ့” လို့ ငြိမ်းချမ်းရေးကောင်စီ အရာရှိတစ်ဦးက ပြောပါတယ်။

BGF တပ်ဖွဲ့နဲ့ ရွာသားတွေ အသတ်ခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသတ်ခံရတဲ့ BGF တပ်ဖွဲ့ဝင်နဲ့ ပြစ်မှုကျူးလွန်သူတွေကြားမှာ လူမှုရေးကိစ္စနဲ့ မူးယစ်ဆေးဝါးကိစ္စ အရှုပ်အရှင်းရှိနေပြီး အဲ့ဒီကိစ္စတွေအတွက် မကျေနပ်လို့ ပြန်လာလုပ်ကြံတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

နောင်မြလွဲရွာအနီးက BGF တပ်စခန်းဟာ အဲ့ဒီဒေသဘက်မှာရှိနေတာ သိပ်မကြာသေးပဲ ကျေးရွာတွေအတွင်းက မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်နေကြတာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

Trending

Facebook