Connect with us

Hi, what are you looking for?

News

လှိုင်မြို့နယ်မှ ငါးထောင်စားဟုနာမည်ကြီးသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံး

“၇ နာရီခွဲကျော်အထိ အလောင်းကို လာမသယ်ကြဘူး။ ၈ နာရီထိုးခါနီးမှ ရခ တွေလာသယ်သွားကြတာ”လို့ သူက ဆက်ပြောပါတယ်။

လှိုင်မြို့နယ်မှ ငါးထောင်စားဟုနာမည်ကြီးသည့် သတင်းပေးဒလန် ဇေလတ်ဆိုသူ သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ည ၇ နာရီလောက်မှာ လှိုင်(၃)ရပ်ကွက် (၁၁) လမ်းမှာနေထိုင်တဲ့ ဇေလတ်ဆိုသူကို ၎င်းရဲ့အိမ်ရှေ့လမ်းပေါ်မှာ သေနတ်နဲ့ ငါးချက်ပစ်သတ်သွားတယ်ဖြစ်တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။

“၇ နာရီခွဲကျော်အထိ အလောင်းကို လာမသယ်ကြဘူး။ ၈ နာရီထိုးခါနီးမှ ရခ တွေလာသယ်သွားကြတာ”လို့ သူက ဆက်ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားတဲ့ဇေလတ်ဆိုသူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက စစ်တပ်အာဏာမသိမ်းမီပြုလုပ်တဲ့ တပ်ထောက်ခံပွဲတစ်ခုမှာ ပြည်သူတစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့ဖူးတဲ့ မဘသထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။