Connect with us

Hi, what are you looking for?

News

ပြည်ကြီးတံခွန်မှာ ရဲတပ်သားတစ်ဦး ရိုက်လုခံရပြီးသေဆုံး

ည၁၁နာရီလောက်မှာ ၇၄ A လမ်းနဲ့ ၁၁၃ B လမ်းမှာ ဆိုင်ကယ်၂စီးနဲ့ လူ၅ဦးခန့်က အဲဒီရဲတပ်သားရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကိုလုယူခဲ့ပြီး အုတ်နီခဲတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ ရဲတပ်သားတစ်ဦး ဆိုင်ကယ်နဲ့ ဖုန်းလုယက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။

ရဲတပ်သားတစ်ဦးဟာ မနေ့က အောက်တိုဘာ ၉ ရက် ည ၁၁နာရီလောက်က သမီးဖြစ်သူဆေးရုံတက်နေတာကို သွားပြီးအပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ည၁၁နာရီလောက်မှာ ၇၄ A လမ်းနဲ့ ၁၁၃ B လမ်းမှာ ဆိုင်ကယ်၂စီးနဲ့ လူ၅ဦးခန့်က အဲဒီရဲတပ်သားရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကိုလုယူခဲ့ပြီး အုတ်နီခဲတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

” သွေးတွေကတော့ အိုင်နေတာပဲ။ ဖြစ်တာကတော့ ညကဖြစ်ပွားတာ မနက်ကျမှသေဆုံးနေတဲ့အလောင်းကိုတွေ့ရတာ ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေသွားတဲ့ ရဲတပ်သားဟာ အသက် ၃၀ နှစ်ခန့်ရှိတယ်လို့ သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီက ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကိုထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ