Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်ကြီးတံခွန်မှာ ရဲတပ်သားတစ်ဦး ရိုက်လုခံရပြီးသေဆုံး

ည၁၁နာရီလောက်မှာ ၇၄ A လမ်းနဲ့ ၁၁၃ B လမ်းမှာ ဆိုင်ကယ်၂စီးနဲ့ လူ၅ဦးခန့်က အဲဒီရဲတပ်သားရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကိုလုယူခဲ့ပြီး အုတ်နီခဲတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းမှာ ရဲတပ်သားတစ်ဦး ဆိုင်ကယ်နဲ့ ဖုန်းလုယက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ သတင်းရရှိပါတယ်။

ရဲတပ်သားတစ်ဦးဟာ မနေ့က အောက်တိုဘာ ၉ ရက် ည ၁၁နာရီလောက်က သမီးဖြစ်သူဆေးရုံတက်နေတာကို သွားပြီးအပြန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ည၁၁နာရီလောက်မှာ ၇၄ A လမ်းနဲ့ ၁၁၃ B လမ်းမှာ ဆိုင်ကယ်၂စီးနဲ့ လူ၅ဦးခန့်က အဲဒီရဲတပ်သားရဲ့ ဆိုင်ကယ်နဲ့ ဖုန်းကိုလုယူခဲ့ပြီး အုတ်နီခဲတွေနဲ့ ရိုက်နှက်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

” သွေးတွေကတော့ အိုင်နေတာပဲ။ ဖြစ်တာကတော့ ညကဖြစ်ပွားတာ မနက်ကျမှသေဆုံးနေတဲ့အလောင်းကိုတွေ့ရတာ ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေသွားတဲ့ ရဲတပ်သားဟာ အသက် ၃၀ နှစ်ခန့်ရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ စစ်ကောင်စီက ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကိုထုတ်ပြန်ထားပါတယ်။