Connect with us

Hi, what are you looking for?

News

ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်

ထားလဲကျေးရွာအနီး၌ပင် အောက်တိုဘာ၁၁ရက် ညနေက ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောာင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထားလဲကျေးရွာအနီးတွင် အောက်တိုဘာ၉ရက်မှ စ၍တိုက်ပွဲများ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်သည်။

အောက်တိုဘာလ (၁၂) ရက် နံနက် ၇နာရီခွဲတွင် စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော်(KA) နှင့် KNDF တပ်တို့မှ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကားတစ်စီးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ဆိုသည်။

ထားလဲကျေးရွာအနီး၌ပင် အောက်တိုဘာ၁၁ရက် ညနေက ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောာင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထားလဲကျေးရွာအနီးတွင် အောက်တိုဘာ၉ရက်မှ စ၍တိုက်ပွဲများ ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထားလဲကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ကျေးရွာပြည်သူများ၏ စပါးချီများကိုမီးရှို့ဖျက်စီးခြင်းနှင့်ကျွဲ၊နွားတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် အောက်တိုဘာလဆန်းပိုင်းမှစ၍ ဖရှုဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လျက်ရှိကြောင်း၊ လွိုင်ကော်-ဘောလခဲ လမ်းမကြီးတစ်လျှောက် လမ်းကင်း များချထားခြင်း၊ ခြေလျင်တပ်များဖြင့်စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် လူသူ လက်နက်၊ ရိက္ခာ အင်အား ဖြည့်ခြင်းများလုပ်ဆောင်နေကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook