Connect with us

Hi, what are you looking for?

LuduNwayOo

News

တစ်နိုင်ငံလုံးမီးပျက်၊ System Breakdown ဖြစ်​နေသည်ကိုပြင်​နေဆဲဖြစ်ပြီး မည်သည့်အချိန်တွင်ပြန်လာမည်ကိုမသိသေး

ယ​နေ့(အောင်တိုဘာ ၁၃ ရက်) နံနက် ၉ နာရီခန့်မှစ၍ မဟာဓာတ်အားလိုင်းမှ အပြစ်ဖြစ်​ပေါ်( System Breakdown) ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရန်ကုန် ၊မန္တ​​လေး၊​တောင်ကြီး ၊ပုသိမ်းအပါအဝင် နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးပြတ်တောက်​နေကြောင်း ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယ​နေ့(အောင်တိုဘာ ၁၃ ရက်) နံနက် ၉ နာရီခန့်မှစ၍ မဟာဓာတ်အားလိုင်းမှ အပြစ်ဖြစ်​ပေါ်( System Breakdown) ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အခုတော့ ပြင်နေဆဲပါပဲ ။ ပြန်ရနိုင်မယ့် အချိန်တော့ မပြောတက်သေးဘူး”ဟု ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ပုသိမ် ၊ မေမြို့၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ မလိုင်၊ ဘားအံ၊ သီပေါ စ​သော နိုင်ငံတစ်ဝန်းရှိ မြို့များတွင် မီးပျက်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း မီးပွိုင့်များပြတ်ကာ ယာဥ်ကြောပိတ်ဆို့မှုများစွာဖြစ်ပေါ်နေကြောင်း လည်းသိရသည်။

“ယာဥ်ထိန်းရဲမရှိတဲ့ မီးပွိုင့်တွေ မှာဆို တော်တော် ပိတ်နေတာ။မင်းဓမ္မ မီးပွိုင့်ဆို မနက် ၉ နာရီခွဲကတည်းက အကြာကြီး ပိတ်နေခဲ့တာ”ဟု တက္ကစီယာဥ် မောင်း
တစ်ဦးကပြောသည်။

ပုသိမ်တစ်မြို့လုံး နံနက် ရှစ်နာရီခန့်ကစ၍ မီးပြတ်နေခြင်းဟု ဒေသခံများကပြောသည်။

“ဘာကြောင့်မှန်းလဲမသိရဘူး။ အလှည့်ကျပေးနေတာတဲ့။ ဘာမှလည်း ကြိုမသိရဘူး”ဟု ပုသိမ်မြို့မှ စားသောက်
ဆိုင်ပိုင်ရှင်တစ်ဦးက မီးပျက်​နေခြင်းနှင့်ပတ်သပ်၍ ပြောသည်။

“အမေစုအစိုးရလက်ထက်က EPCက အခု ပျက်စီးသွားပြီ” ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီခွဲ
ခန့်ကစ၍ စည်ပင်ရေပိုက်လိုင်းမှ ရေပေးဝေမှု ပြတ်တောက်သွားခဲ့ ပြီး ယနေ့နံနက် ပိုင်းအထိ ရေမလာသေးကြောင်း မြို့ခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

" ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး "ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။