Connect with us

Hi, what are you looking for?

News

တစ်နိုင်ငံလုံးမီးပျက်၊ System Breakdown ဖြစ်​နေသည်ကိုပြင်​နေဆဲဖြစ်ပြီး မည်သည့်အချိန်တွင်ပြန်လာမည်ကိုမသိသေး

ယ​နေ့(အောင်တိုဘာ ၁၃ ရက်) နံနက် ၉ နာရီခန့်မှစ၍ မဟာဓာတ်အားလိုင်းမှ အပြစ်ဖြစ်​ပေါ်( System Breakdown) ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရန်ကုန် ၊မန္တ​​လေး၊​တောင်ကြီး ၊ပုသိမ်းအပါအဝင် နိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးပြတ်တောက်​နေကြောင်း ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယ​နေ့(အောင်တိုဘာ ၁၃ ရက်) နံနက် ၉ နာရီခန့်မှစ၍ မဟာဓာတ်အားလိုင်းမှ အပြစ်ဖြစ်​ပေါ်( System Breakdown) ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်အားပြတ်တောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အခုတော့ ပြင်နေဆဲပါပဲ ။ ပြန်ရနိုင်မယ့် အချိန်တော့ မပြောတက်သေးဘူး”ဟု ရန်ကုန်တိုင်းလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ပုသိမ် ၊ မေမြို့၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ လွိုင်ကော်၊ မလိုင်၊ ဘားအံ၊ သီပေါ စ​သော နိုင်ငံတစ်ဝန်းရှိ မြို့များတွင် မီးပျက်​နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရန်ကုန်တိုင်းအတွင်း မီးပွိုင့်များပြတ်ကာ ယာဥ်ကြောပိတ်ဆို့မှုများစွာဖြစ်ပေါ်နေကြောင်း လည်းသိရသည်။

“ယာဥ်ထိန်းရဲမရှိတဲ့ မီးပွိုင့်တွေ မှာဆို တော်တော် ပိတ်နေတာ။မင်းဓမ္မ မီးပွိုင့်ဆို မနက် ၉ နာရီခွဲကတည်းက အကြာကြီး ပိတ်နေခဲ့တာ”ဟု တက္ကစီယာဥ် မောင်း
တစ်ဦးကပြောသည်။

ပုသိမ်တစ်မြို့လုံး နံနက် ရှစ်နာရီခန့်ကစ၍ မီးပြတ်နေခြင်းဟု ဒေသခံများကပြောသည်။

“ဘာကြောင့်မှန်းလဲမသိရဘူး။ အလှည့်ကျပေးနေတာတဲ့။ ဘာမှလည်း ကြိုမသိရဘူး”ဟု ပုသိမ်မြို့မှ စားသောက်
ဆိုင်ပိုင်ရှင်တစ်ဦးက မီးပျက်​နေခြင်းနှင့်ပတ်သပ်၍ ပြောသည်။

“အမေစုအစိုးရလက်ထက်က EPCက အခု ပျက်စီးသွားပြီ” ဟု ပုသိမ်မြို့ခံတစ်ဦးကပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၂ ရက် ညနေ ၄ နာရီခွဲ
ခန့်ကစ၍ စည်ပင်ရေပိုက်လိုင်းမှ ရေပေးဝေမှု ပြတ်တောက်သွားခဲ့ ပြီး ယနေ့နံနက် ပိုင်းအထိ ရေမလာသေးကြောင်း မြို့ခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်နေချိန် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဆိုင်တစ်‌ဆိုင်မှာ မီးစက်နှိုးထားရာက အောက်ဆီဂျင်ပြတ်ပြီး အသက်ရှူကြပ်‌နေတဲ့ အမျိုးသမီး ၅ဦး ကို အရေးပေါ်ဌာနကိုပို့ပေးခဲ့ရတယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

" ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး "ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

Facebook