Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ မန္တလေး အပါအဝင် တစ်နိုင်ငံလုံးနီးပါး မီးပျက်နေ

” ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တော်၍ မှောင်မဲနေစဥ်၊ ဓာတ်ပုံ - CJ
ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တော်၍ မှောင်မဲနေစဥ်၊ ဓာတ်ပုံ - CJ

ယနေ့ (ဇူလိုင် ၂၄) ညပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် ပဲခူး အစရှိသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပျက်နေကြောင်း ဒေသခံများမှ တစ်ဆင့် သိရသည်။

” ည ၁၁ နာရီကျော်လောက်က မီးက ဖြည်းဖြည်းချင်း မီးအားကျပြီး ပြတ်သွား တာပါ။ မပျက်ခင် မီးတွေလည်း နှစ်ခါတောင်လှုပ်သွားသေးတယ်။ အခု တစ်နာရီနီးပါးလောက် ကြာနေပြီ။ ပြန်မလာသေးပါဘူး “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့ည ၁၁နာရီ မိနစ် ၂၀တွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်​ပေးနိုင်ရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဟုဆိုကာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ၊ပဲခူး၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ တောင်ကြီး၊ စစ်ကိုင်း၊ လားရှိုး စသည့် မြို့ကြီးများ အပါအဝင် တစ်နိုင်ငံလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်နေကြောင်း သက်ဆိုင်ရာဒေသခံများမှ တစ်ဆင့် သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။