Connect with us

Hi, what are you looking for?

News

မုံရွာက ဒလန်အကြီးစားကောင်းလျှံ သေနတ်ဖြင့် ငါးချက်ပစ်သတ်ခံရ

အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမြို့အမှတ်(၂) ရဲစခန်းအတွင်းသို့ PDF – South Monywa က လက်ပစ်ဗုံး၁၀လုံးပစ်သွင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

People's Spring
People's Spring

မုံရွာမြို့ စက်မှုဇုန်မှ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဖြစ်သော ကောင်းလျှံကွမ်းယာဆိုင်ပိုင်ရှင် အောင်စီအား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သေနတ်ဖြင့် ငါးချက်ပစ်ကာသုတ်သင်ခဲ့ကြောင်း People’s Defence Force – South Monywaက အသိပေးထား သည်။

ထို့အပြင် စစ်ကောင်စီ သတင်းပေး ဆက်လက် လုပ်ကိုင်နေသူများကိုလည်း အသက်အာမခံနိုင်မည်မဟုတ်ကြောင်း ၎င်းတို့က သတိပေးသည်။

အောက်တိုဘာ ၁၂ ရက်ကလည်း မုံရွာမြို့အမှတ်(၂) ရဲစခန်းအတွင်းသို့ PDF – South Monywa က လက်ပစ်ဗုံး၁၀လုံးပစ်သွင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက်ကလည်း မုံရွာမြို့တွင် စစ်ကောင်စီသတင်းပေး ဒလန်အကြီးစားဇော်စိုင်းအား PDF-South Monywaက သုတ်သင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုလအတွင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်နေရာများတွင် ဗုံခွဲတိုက်ခိုက်မှုများပြုလုပ်ထားပြီး စစ်ကောင်စီတပ်သားများသေဆုံးမှုလည်းရှိထား သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မုံရွာလမ်းပိုင်းကုန်ကားတွေကို စစ်တပ်က တရားမဝင် ငွေတောင်းခံမှု သိန်းဂဏန်းတွေအထိ တိုးတောင်းလာတာကြောင့် ကုန်ကားသမားတွေ ပိုပြီးအခက်အခဲ တွေ့နေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့​က သီတင်းကျွတ်ဘုရားကြီးပွဲလာသူအချို့ရဲ့ ဆိုင်ကယ်နဲ့ သုံးဘီးဆိုက်တွဲတွေ ပျောက်ဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲ-အောင်သာလမ်းမှာ ရဲဘော်တစ်ဦးဟာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ပြီး ရုပ်အလောင်းလာကောက်မယ့်သူတွေကို စစ်တပ်က ကင်းပုန်းဝပ်ပြီး စောင့်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook