Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့ခြင်းလုံးအကြောင်းကို သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့ ASEAN Heritage & History စာမျက်နှာ ဖော်ပြ

အကြမ်းဖက်မြန်မာစစ်တပ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းခဲ့ပေမယ့် ASEAN Heritage & Historyက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတတစ်ဦးအဖြစ် သတ်မှတ်သုံးစွဲနေဆဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသက်တမ်း နှစ်ပေါင်း ၁၅၀၀ ရှိပြီဖြစ်တဲ့အကြောင်းကို နိုင်ငံ တော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့ ASEAN Heritage & History ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဒီနေ့(အောက်တိုဘာ၁၃)ဖော်ပြပါတယ်။

အာဆီယံအမွေအနှစ်နဲ့သမိုင်းဆိုင်ရာတွေဖော်ပြပေးနေတဲ့ ASEAN Heritage & History စာမျက်နှာက မြန်မာ့အမျိုးသားအားကစားနည်းခြင်းလုံးအကြောင်းဖော်ပြရာမှာ သမ္မတအိမ်တော်ရှေ့ ခြင်းခတ်နေတဲ့ သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘H.E U Win Myint, President of Myanmar’ လို့ စာပုံရေးထားပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းခဲ့ပေမယ့် ASEAN Heritage & Historyက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတတစ်ဦးအဖြစ် သတ်မှတ်သုံးစွဲနေဆဲ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာ မနေ့က(အောက်တိုဘာ၁၂)) အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတရားရုံးက သမ္မတဦးဝင်းမြင့်ကို ရုံးထုတ်စစ်ဆေးရာမှာ အာဏာသိမ်းတဲ့ မနက်က ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို ဦးဝင်းမြင့်ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက်က စစ်တပ်က အရာရှိကြီးနှစ်ဦးဟာ သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး ဖိအားပေးတဲ့အတိုင်းမလုပ်ဆောင်ရင် အန္တရာယ်ရှိတဲ့အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သမ္မတဦးဝင်းမြင့်က သူဟာ ကျန်းမာရေးကောင်းတာမို့ စစ်တပ်က ဖိအားပေးခိုင်းစေတဲ့ အတိုင်းမလုပ်ဆောင်နိုင်ကြောင်းလည်း အသက်အန္တရာယ်ရှိလည်း မမှုတဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်က တရားရုံးမှာ အဲဒီလိုထွက်ဆိုပြီး နောက်တစ်ရက်မှာပဲ ASEAN Heritage & History စာမျက်နှာက အခုလိုဖော်ပြလာတာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ASEAN Heritage & History စာမျက်နှာဟာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မကြာခဏ ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ သုံးနှုန်းခဲ့ပါတယ်။