Connect with us

Hi, what are you looking for?

News

မြန်မာ့ခြင်းလုံးအကြောင်းကို သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့ ASEAN Heritage & History စာမျက်နှာ ဖော်ပြ

အကြမ်းဖက်မြန်မာစစ်တပ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းခဲ့ပေမယ့် ASEAN Heritage & Historyက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတတစ်ဦးအဖြစ် သတ်မှတ်သုံးစွဲနေဆဲ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသက်တမ်း နှစ်ပေါင်း ၁၅၀၀ ရှိပြီဖြစ်တဲ့အကြောင်းကို နိုင်ငံ တော်သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့ ASEAN Heritage & History ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဒီနေ့(အောက်တိုဘာ၁၃)ဖော်ပြပါတယ်။

အာဆီယံအမွေအနှစ်နဲ့သမိုင်းဆိုင်ရာတွေဖော်ပြပေးနေတဲ့ ASEAN Heritage & History စာမျက်နှာက မြန်မာ့အမျိုးသားအားကစားနည်းခြင်းလုံးအကြောင်းဖော်ပြရာမှာ သမ္မတအိမ်တော်ရှေ့ ခြင်းခတ်နေတဲ့ သမ္မတဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ ‘H.E U Win Myint, President of Myanmar’ လို့ စာပုံရေးထားပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးကာ နိုင်ငံတော်အာဏာသိမ်းခဲ့ပေမယ့် ASEAN Heritage & Historyက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတတစ်ဦးအဖြစ် သတ်မှတ်သုံးစွဲနေဆဲ ဖြစ်ပါတယ်။

တိုက်ဆိုင်စွာ မနေ့က(အောက်တိုဘာ၁၂)) အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတရားရုံးက သမ္မတဦးဝင်းမြင့်ကို ရုံးထုတ်စစ်ဆေးရာမှာ အာဏာသိမ်းတဲ့ မနက်က ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို ဦးဝင်းမြင့်ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ ရက် မနက်က စစ်တပ်က အရာရှိကြီးနှစ်ဦးဟာ သမ္မတဦးဝင်းမြင့်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခဲ့ပြီး ဖိအားပေးတဲ့အတိုင်းမလုပ်ဆောင်ရင် အန္တရာယ်ရှိတဲ့အကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတဦးဝင်းမြင့်က သူဟာ ကျန်းမာရေးကောင်းတာမို့ စစ်တပ်က ဖိအားပေးခိုင်းစေတဲ့ အတိုင်းမလုပ်ဆောင်နိုင်ကြောင်းလည်း အသက်အန္တရာယ်ရှိလည်း မမှုတဲ့အကြောင်း တုံ့ပြန်ခဲ့ပါတယ်။

သမ္မတဦးဝင်းမြင့်က တရားရုံးမှာ အဲဒီလိုထွက်ဆိုပြီး နောက်တစ်ရက်မှာပဲ ASEAN Heritage & History စာမျက်နှာက အခုလိုဖော်ပြလာတာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ASEAN Heritage & History စာမျက်နှာဟာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို မကြာခဏ ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို့ သုံးနှုန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။