Connect with us

Hi, what are you looking for?

News

မီးရထားCDM၀န်ထမ်းများကို ဝန်ထမ်းအိမ်ယာမှဖယ်ရှားမှုတွင်ပါဝင်သူများကို အရေးယူမည်ဟု NUG သတိပေး

ထိုသို့ ပြုမူခံရသော မြန်မာ့မီးရထား CDM ဝန်ထမ်းများအား ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မေတ္တာ ရပ်ခံထားသည်။

(ရန်ကုန်မြို့ရှိ မလွှကုန်းမီးရထား CDM ဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ၍ အထုပ်အပိုးများသယ်ဆောင်နေသည်ကို ပြီးခဲ့သည့် မတ်လအတွင်းက တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မြန်မာ့မီးရထားCDM ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာများမှ ဖယ်ရှားပေးရန် အကြမ်းဖက် ရဲတပ်ဖွဲ့ဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်ပြီး စေခိုင်းသူ၊ပါဝင်လုပ်ဆောင်သူနှင့် အား ပေးသူများကို မှတ်တမ်းပြုစုပြီး အရေးယူသွားမည်ဟု မျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်သည်။

မြန်မာ့မီးရထား CDM ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာမှ အတင်းအဓမ္မ ဖယ်ရှားနေသော လုပ်ရပ် များနှင့် ပတ်သက်သည့် ကြေညာချက်ကို ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်း ဦးဆောင်သည့် CDM အောင်မြင်ရေးကော်မတီက ယနေ့ (အောက်တိုဘာ ၁၄ရက်)တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Non-CDM အရာထမ်း /အမှုထမ်းများသည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ အားသစ္စာခံ၍ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ( CDM ) တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူ နှင့်အတူ ရပ်တည်လျက်ရှိသော မြန်မာ့မီးရထားCDM ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာ များမှနေ၍ ဖယ်ရှားပေးရန် အကြမ်းဖက် ရဲတပ်ဖွဲ့ဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မ ဖယ်ရှားခိုင်း လျက်ရှိသည်ကို စိစစ်တွေ့ရှိရပြီး ယင်းသို့ဖယ်ရှားစေခြင်းတို့ကို စက်ဆုတ်စွာ ရှုံ့ချကြောင်း ဖော်ပြခဲ့သည်။

Public Service Announcement

CDM ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း တို့အပြင် ဝန်ထမ်းအိမ်ရာများမှ အကြမ်းဖက်စစ်တပ်နှင့် ရဲများကို အသုံးပြု၍ ဖယ်ရှားခြင်းများပြုလုပ်ရာတွင် အမိန့်ပေးစေခိုင်းသော၊ လက် တွေ့ပြုမူဆောင်ရွက်သော၊ အားပေးကူညီသော လူပုဂ္ဂိုလ်များအားလုံးကို မှတ်တမ်းပြုစုကာ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပြုမူခံရသော မြန်မာ့မီးရထား CDM ဝန်ထမ်းများအား ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက မေတ္တာ ရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။