Connect with us

Hi, what are you looking for?

News

လက်နက်ကြီးပစ်ခတ်မှု​တွေ​ကြောင့် ​ရွာထဲကအိမ်အချို့ပျက်ဆီးပြီး ရွာသား​တွေထွက်​​​ပြေးနေရ

“ကျနော့်အဒေါ်အိမ်ထိသွားတာပေါ့။ အိမ်ခေါင်မိုးတည့်တည့်ပဲ။ စစ်တပ်က ရွာထဲကိုလက်နက်ကြီးနဲ့ပစ်တာ။ အိမ်က ဆောက်ထားတာမကြာသေးဘူး။ အခု ကျနော့်အဒေါ်လည်း နေမကောင်းဖြစ်နေတယ်။ အခက်အခဲလည်းအများကြီးကြုံနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီး ရွာသစ်ရွာက ဒေသခံနေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပြီး ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရွာသစ်ကျေးရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ရွာသစ်ရွာက ဒေသခံပြည်သူနေအိမ် ၂ လုံးနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော့်အဒေါ်အိမ်ထိသွားတာပေါ့။ အိမ်ခေါင်မိုးတည့်တည့်ပဲ။ စစ်တပ်က ရွာထဲကိုလက်နက်ကြီးနဲ့ပစ်တာ။ အိမ်က ဆောက်ထားတာမကြာသေးဘူး။ အခု ကျနော့်အဒေါ်လည်း နေမကောင်းဖြစ်နေတယ်။ အခက်အခဲလည်းအများကြီးကြုံနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ရွာသစ်ရွာက ဒေသခံတစ်ဦးရဲ့နေအိမ်ကို လက်နက်ကြီးကျည်ထိမှန် ပျက်စီးသွားခဲ့သေးတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလေးရက်တာအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ကော့နွဲ့ ရွာသစ် ကျေးရွာတွေထဲကို လက်နက်ကြီးအချက်ပေါင်း ၁၆၀ ကျော်ပစ်ခတ်ခဲ့ပြီး လူနေအိမ်အနည်းဆုံး ၆ လုံးခန့် ပျက်စီးသွားခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်ကစပြီး ကော့ကရိတ်မြို့အနီး ကော့နွဲ့ ရွာသစ်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အိမ်ခြေ ၁၀၀ ကျော် ထွက်ပြေးပုန်းရှောင်နေခဲ့ရပြီး ရွာသားတွေဟာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာခိုင်းစေတာနဲ့ နှိပ်စက်ခံရတာတွေကို ကြောက်ရွံ့နေကြတယ်လို့ ကရင်လူ့အခွင့်ရေး (KHRG)အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook