ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ကော့ကရိတ်မြို့ပေါ်ကနေ အကြမ်းဖက်စစ်တပ်ဟာ ကော့နွဲ့နဲ့ မြို့ဟောင်းရွာထဲကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးသံပဲ လက်နက်ငယ်သံတော့ မကြားရဘူး။ လှိုင်ဝဘက်လှမ်းပစ်တာထင်တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
NCA လက်မှတ်ရေးထိုးခဲ့တဲ့ ၆ နှစ်ပြည့်တဲ့ မနေ့ကတော့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်တာတွေ မလုပ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ လက်နက်ကြီးနဲ့ စတင်လှမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Public Service Announcement
ကော့ကရိတ်မှာ အကြမ်းဖက်စစ်တပ်က အခုရက်ပိုင်းတွေအတွင်း ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ အချက်ပေါင်း ၂၀၀ နီးပါ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ နယ်မြေခံ KNLA တပ်ဖွဲ့ထံကနေ သိရပါတယ်။
ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံပြည်သူလူထု ၅၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။


















































