Connect with us

Hi, what are you looking for?

News

နေပြည်​တော်မြဝတီဘဏ်အား ဗုံးဖြင့်တိုက်ခိုက်ရာ အ​စောင့်စစ်သားနှစ်ဦး​သေ

“ဘဏ်ထဲမဟုတ်ပါဘူး။ ဘဏ်ဘေးက လမ်းကြားထဲ ။ ဗုံးကွဲပြီး ညပိုင်းမှာ လမ်းပေါ်ဖြတ်သွားတဲ့ ယာဉ်မှန်သမျှကို ရဲတွေအသေအချာ စစ်နေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

နေပြည်တော် ပျဥ်းမနားတွင် ယမန်နေ့(​အောက်တိုဘာ ၁၅) ညပိုင်းက အကြမ်းဖက်စစ်ကောင်စီပိုင် မြဝတီဘဏ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) မှ ဗုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ် ပြန်သည်။

အောက်တိုဘာ ၁၅ရက် ည၇ နာရီ ၄၅မိနစ်ခန့်တွင် နေပြည်တော် ပျဉ်းမနားမြို့နယ် ရွှေချီ (၆)လမ်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီပိုင် မြဝတီဘဏ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) မှ ဗုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု နေပြည်တော် PDFက အသိပေးသည်။

“ဘဏ်ထဲမဟုတ်ပါဘူး။ ဘဏ်ဘေးက လမ်းကြားထဲ ။ ဗုံးကွဲပြီး ညပိုင်းမှာ လမ်းပေါ်ဖြတ်သွားတဲ့ ယာဉ်မှန်သမျှကို ရဲတွေအသေအချာ စစ်နေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ယခုဖြစ်ရပ်ကဲ့သို့ လက်တစ်ဆုပ်စာ အာဏာရူးများ၏ အကျိုးစီးပွားများကို ကာကွယ်ရင်းအသက်ဆုံးရှုံးနေရမည့်အစား ပြည်သူရင်ခွင်သို့ အမြန်ဆုံးခိုလှုံပြီး CDM ပြုလုပ်ကာ ပြည်သူ့မေတ္တာ ခံယူသင့်ကြောင်း နေပြည်တော် PDFက တိုက်တွန်းနှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရဲစခန်းကို ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

သတင်း

အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြားတွင် ယနေ့(နိုဝင်ဘာ ၅ ရက်)နံနက်၈နာရီ ၂၀မိနစ်ဝန်းကျင်တွင် လက်လုပ်မိုင်းဖောက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့ (ဩဂုတ် ၂၈) နေ့လည်ပိုင်းက “Cheetah Operation” အဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ PRF) က အသိပေးထုတ်ပြန်သည်။