Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်ကြည်း​၊ရေ​၊လေညှိကွပ်ဗိုလ်ချုပ်ကြီးမောင်​မောင်​​အေးသားမင်္ဂလာဆောင်လုပ်​နေ​သောနေပြည်​တော်MICC 2 ကိုဒရုန်းဖြင့်တိုက်ခိုက်ဟုရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ထုတ်ပြန်

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှ Fixed wing drone နှင့် တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- Shar Htoo Waw)
(ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့မှ Fixed wing drone နှင့် တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- Shar Htoo Waw)

-မိထက် ၊သတိုး/People’s Spring

စစ်​ကောင်စီ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးမောင်မောင်အေး၏ သား မင်္ဂလာဆောင် အခမ်းအနားပြုခဲ့​သောနေပြည်တော် MICC2 ခန်းမကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ကFixed wing drone ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက်က စစ်​ကောင်စီ ကြည်း၊ရေ၊လေ ညှိုနှိုင်းကွပ်ကဲရေးမှုး ‌၏ သား မင်္ဂလာဆောင်ကို MICC2 ၌ပြုလုပ်ရာ စစ်ကောင်စီခေါင်းဆောင်များတတ်ရောက်မည်ဖြစ်ကြောင်းသတင်းရသဖြင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှာထူးဝေါ် နည်းပညာအဖွဲ့က နိုဝင်ဘာ ၂၆ ရက်ညတွင် အသိ​ပေးသည်။

အဆိုပါစစ်ဆင်ရေးကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Kloud drone အဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

“ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဒရုန်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတစ်ချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် အခမ်းအနားတက်ရောက်လာကြသော စစ်အုပ်စု ဗိုလ်ချုပ်အချို့မှာလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း နေပြည်တော်အတွင်းသတင်းရင်းမြစ်များထံမှ ပြန်လည်ကြားသိရသည်။ ” ဟု ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့က ​ထုတ်ပြန်သည်။

​နေပြည်​တော်မှ စစ်​ကောင်စီ ဝန်ထမ်းအချို့က လည်း နိုဝင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင်နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲသို့ ဒရုန်းအချို့ ဖြင့်တိုက်ခိုက်ခံရ​ကြောင်း ​ပြောသည်။

စစ်​ကောင်စီ ဝန်ထမ်းတစ်ဦးက MICC2 တိုက်ခိုက်ခံရမှုကို ၎င်းမသိဘဲ ဇမ္ဗူသီရိမြို့နယ်ရှိ အရာရှိအိမ်ရာထဲ ဒရုန်းဖြင့်တိုက်ခိုက်ခံရ​​ကြောင်း​ပြောသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီညွှန်မှူး၏အိမ်အနီး ဒရုန်းဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိသည်ဟု​ပြောသည်။ လူထိခိုက်မှုရှိမရှိကို မပြောပေ။

“သူတို့လိုက်ပိတ်နေတယ်။ သတင်းထွက်သွားရင် ရမ်းနိုင်တယ်”ဟု ၎င်းက ပြောသည်။

ထိုအပြင်အထက်ပါပူးပေါင်းတပ်ဖွဲ့သည် နိုဝင်ဘာ ၅ ရက်ကလည်း အာဏာသိမ်းခေါင်းဆောင် ‌မင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်ထွက်ခွာချိန်၌ နေပြည်တော်လေဆိပ်သို့ Fixed Wing အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှုးတစ်ဦး ၊ဗိုလ်ကြီး တစ်ဦး ၊ တပ်ကြပ်ကြီးတစ်ဦး ၊ တပ်သားနှစ်ဦး ၊လေဆိပ်လုံခြုံရေးနှစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။ သို့​သော် လူထု​နွေဦးက အဆိုပါတိုက်ခိုက်မှုတွင် စစ်​ကောင်စီမှ ​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို သီးခြားအတည်မပြုနိုင်ပါ။

သို့​သော်နိုဝင်ဘာလ၅ရက်နေ့ နံနက်ပိုင်းတွင်စစ်ကောင်စီခေါင်းဆောင်၏ တရုတ်ခရီးစဥ် လေယာဉ်ပျံတက်ပြီး နာရီအနည်းငယ်ကြာတွင် အေလာလေယာဉ်ကွင်းပြေးလမ်း နှင့် ကားလမ်းကြား၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု People’s Spring ၏သတင်းရင်းမြစ်အချို့က​ပြောသည်။ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်များတွင် ​လေဆိပ်ကိုတိုက်ခိုက်လာ​သောအ​သေခံဒရုန်းများကို ပစ်ချနိုင်ခဲ့သည်ဟု ဝါဒဖြန့်ချီ​​ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

သတင်း

PDF ​တွေကတံတားဦး​လေတပ်အား ဒရုန်း ၆ စီးနဲ့တိုက်ခိုက်မှုကိုဟန်တားဖျက်ဆီးနိုင်ခဲ့တယ်လို့စစ်တပ်က စက်တင်ဘာ၁၀ရက်ညမှာထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ PDF ​တွေက ​လေတပ်ရဲ့​လေယာဥ်​ပြေးလမ်း​ပေါ်မှာ​လေတပ်ကစစ်သား​တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကိုထပ်မံထုတ်ပြန်လိုက်ပါတယ် ။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။