Connect with us

Hi, what are you looking for?

News

မီတာခအတင်းအကြပ်​ကောက်ခံသူများကို စံနမူနာအ​နေဖြင့် အ​ရေးယူသွားမည်ဟု NUG၏ လျှပ်စစ်ဝန်ကြီး​ပြော

“စာထုတ်ဖို့တော့ရှိတယ်။ နောက်တခုကတော့ ပီဒီအက်ဖ်တွေက ပါဝါသုံးနိုင်တဲ့ အခြေအနေပေါ်မူတည်မယ်။စံနမူနာတွေတော့ လာနိုင်တယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။

လျှပ်စစ်မီတာခများ အတင်းအကြပ်ကောက်ခံနေသည့် လျှပ်စစ်ဝန်ထမ်းများကို စံနမူနာအနေဖြင့် အရေးယူရန်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မီတာခများကို လက်နက် ကိုင်ပြီး လက်ကောက်နေကြောင်းနှင့် အချို့မြို့နယ်များ မီတာမဆောင်သူများကို ဖမ်းဆီးနေသည်ဟု ဒေသခံများကပြောသည်။

“စာထုတ်ဖို့တော့ရှိတယ်။ နောက်တခုကတော့ ပီဒီအက်ဖ်တွေက ပါဝါသုံးနိုင်တဲ့ အခြေအနေပေါ်မူတည်မယ်။စံနမူနာတွေတော့ လာနိုင်တယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။

အကြမ်းဖက်စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူပြီးနောက် လူထုကအာဏာဖီဆန်ရေးလမ်းစဉ်အဖြစ် အခွန်အခပေးဆောင်ခြင်းများကို ငြင်းဆိုခဲ့ကြသည်။ထိုထဲတွင် လျှပ်စစ်မီတာခများ မပေးခြင်းလည်းပါဝင်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် လူထုစီမှ လျှပ်စစ်မီတာခများကို နိုဝင်ဘာလကုန်အပြီးသတ်‌ကောက်ယူရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖိအားပေးထားသည်။

ထိုကြောင့် လျှပ်စစ်ဝန်ထမ်းများက မြို့နယ်အလိုက် လျှပ်စစ်မီတာခများကို လက်နက်ကိုင်များနှင့် အတင်းအကြပ်လိုက်လံကောက်ခံနေခြင်းဖြစ်သည်။

အချို့မြို့နယ်များတွင် မီတာမဆောင်သူများကို ဖမ်းဆီးမူများရှိသည်ဟုလည်း ဆိုသည်။ အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တချို့တွင် မီတာခ ငါးလမဆောင်သည့် အိမ်များကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်မနက်ပိုင်းက ဖမ်းဆီးသွားသည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အများပြည်သူအတွက် လျှပ်စစ်မီတာခများကို ၂၀၂၁ နှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးထားသည်။

ရန်ကုန်တိုင်း ပြည်သူလူထုက ၉၈ ရာခိုင်နှုန်း၊ မန္တလေးတိုင်းက ၉၇ ရာခိုင်နှုန်း၊ ကျန် တိုင်းနှင့် ပြည်နယ်တွေက ၈၀ ရာခိုင်နှုန်းခန့်က လျှပ်စစ်မီတာခတွေ မပေးဘဲ စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်နေကြသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ လျှပ်စစ်မီတာ မဆောင်ခြင်းကြောင့် အကြမ်းဖက်စစ်ကောင်စီသည် ကျပ်ဘီလီယံ ၂၅၀၀ ခန့်နစ်နာနေသည်ဟုလည်း ဆိုထားသည်။

(မီတာခအတင်းအကြပ်​ကောက်ခံ​နေသူများကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook