Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့ AAPPတိုက်တွန်း

မြန်မာစစ်တပ်ဟာ အခုလို လွတ်ငြိမ်းခွင့်ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံခြားအစိုးရတွေကို အာရုံထွေ ပြားသွားစေမယ့် ပုံစံမျိုးကို အသုံးပြုနေတာဖြစ်တယ်လို့ AAPP ကမှတ်ချက်ချပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဖြေလျှော့မှုတွလုပ်ဆောင်လိုပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးကာ ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံရာထူးတွေအတိုင်း ပြန်လည်ထားရှိရမယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP)က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို ဒီနေ့(အောက်တိုဘာ ၁၈)မှာ လွတ်ငြိမ်းခွင့် ပေးတဲ့အပေါ် AAPP က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပေးတာဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ အာဆီယံက စစ်ကောင်စီကို ငြင်းပယ်ခဲ့တာကြောင့် ထွက်ပေါ်လာ တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အခုလို လွတ်ငြိမ်းခွင့်ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံခြားအစိုးရတွေကို အာရုံထွေ ပြားသွားစေမယ့် ပုံစံမျိုးကို အသုံးပြုနေတာဖြစ်တယ်လို့ AAPP ကမှတ်ချက်ချပါတယ်။

ဒီနေ့စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေးအကျဉ်း သားအချို့ ပါဝင်လာနိုင်ပေမယ့် ရည်ရွယ် ချက်ကတော့ ဖိနှိပ်မှုကို ဖြေလျှော့ဖို့မဟုတ်ပါဘူး။ လွတ်မြောက်လာသူတွေဟာ တရားမဝင် စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုကို လွတ်လပ်စွာစုဝေးဖို့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးခဲ့သူတွေဖြစ်ပါ တယ်။

Public Service Announcement

Public Service Announcement

တစ်ဦးတစ်ယောက်မျှ မျှတတဲ့တရားစီရင်ခွင့် မရရှိဘဲ အားလုံးဟာ မတရားဖမ်းဆီးခံရပြီး စစ် ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူတွေဖြစ်ပါတယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူတွေအနက် ၁၃၁ ဟာ အဲဒီလိုနည်းလမ်းတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒီမိုကရေစီလိုလားထောက်ခံသူ အနည်းဆုံး ၉၀၂၈ ဦးရဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်ခံလုပ်ဆောင်ပေးရမှာဖြစ်ပြီး တောင်းပန်မှုတွေလည်း မဖြစ်မနေလိုအပ်ပါတယ်လို့ AAPP က တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ငြင်းပယ်ခံရအပြီးမှာပဲ မတရားဖမ်းဆီးထားသူ ၅၀၀၀ ကျော်ပြန်လွှတ်ပေးမယ်လို့ ဒီနေ့ကြေညာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)