Connect with us

Hi, what are you looking for?

LuduNwayOo

News

အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီပြန်လည်အသက်သွင်းဖို့ AAPPတိုက်တွန်း

မြန်မာစစ်တပ်ဟာ အခုလို လွတ်ငြိမ်းခွင့်ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံခြားအစိုးရတွေကို အာရုံထွေ ပြားသွားစေမယ့် ပုံစံမျိုးကို အသုံးပြုနေတာဖြစ်တယ်လို့ AAPP ကမှတ်ချက်ချပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဖြေလျှော့မှုတွလုပ်ဆောင်လိုပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးကာ ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံရာထူးတွေအတိုင်း ပြန်လည်ထားရှိရမယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း(AAPP)က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသူတွေကို ဒီနေ့(အောက်တိုဘာ ၁၈)မှာ လွတ်ငြိမ်းခွင့် ပေးတဲ့အပေါ် AAPP က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပေးတာဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ အာဆီယံက စစ်ကောင်စီကို ငြင်းပယ်ခဲ့တာကြောင့် ထွက်ပေါ်လာ တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ အခုလို လွတ်ငြိမ်းခွင့်ထုတ်ပြန်ချက်တွေနဲ့ နိုင်ငံခြားအစိုးရတွေကို အာရုံထွေ ပြားသွားစေမယ့် ပုံစံမျိုးကို အသုံးပြုနေတာဖြစ်တယ်လို့ AAPP ကမှတ်ချက်ချပါတယ်။

ဒီနေ့စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေးအကျဉ်း သားအချို့ ပါဝင်လာနိုင်ပေမယ့် ရည်ရွယ် ချက်ကတော့ ဖိနှိပ်မှုကို ဖြေလျှော့ဖို့မဟုတ်ပါဘူး။ လွတ်မြောက်လာသူတွေဟာ တရားမဝင် စစ်အာဏာသိမ်းဖို့ကြိုးပမ်းမှုကို လွတ်လပ်စွာစုဝေးဖို့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးခဲ့သူတွေဖြစ်ပါ တယ်။

Public Service Announcement

Public Service Announcement

တစ်ဦးတစ်ယောက်မျှ မျှတတဲ့တရားစီရင်ခွင့် မရရှိဘဲ အားလုံးဟာ မတရားဖမ်းဆီးခံရပြီး စစ် ကြောရေးမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူတွေဖြစ်ပါတယ်။ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူတွေအနက် ၁၃၁ ဟာ အဲဒီလိုနည်းလမ်းတွေနဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒီမိုကရေစီလိုလားထောက်ခံသူ အနည်းဆုံး ၉၀၂၈ ဦးရဲ့ ပြန်လည်ထူထောင်ရေးကို တာဝန်ခံလုပ်ဆောင်ပေးရမှာဖြစ်ပြီး တောင်းပန်မှုတွေလည်း မဖြစ်မနေလိုအပ်ပါတယ်လို့ AAPP က တိုက်တွန်းပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့်ငြင်းပယ်ခံရအပြီးမှာပဲ မတရားဖမ်းဆီးထားသူ ၅၀၀၀ ကျော်ပြန်လွှတ်ပေးမယ်လို့ ဒီနေ့ကြေညာခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။