Connect with us

Hi, what are you looking for?

News

ဇာဂနာနှင့် မုံရွာအောင်ရှင် မတရားဖမ်းဆီးခံရမှုမှ ပြန်လွတ်မြောက်လာ

မုံရွာအောင်ရှင်ကိုမှု စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံခဲ့ရကာ ရေကြည်အိုင်စစ်ကြောရေးတွင်ကနဦး စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် မတ်လဆန်းတွင် အင်းစိန်ထောင်၌ တိုက်ပိတ်ခံခဲ့ရသူ ဖြစ်သည်။

လူရွှင်တော်၊စာရေးဆရာ ဒါရိုက်တာ ဦးသူရ(ဇာဂနာ)နှင့် NLDပါတီ၏ဗဟို ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် တို့ ယနေ့(အောက်တိုဘာ၁၈) ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက အတည်ပြုသည်။

ဦးသူရ (ဇာဂနာ)ကို ဧပြီ ၆ရက်က မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အင်းစိန်ထောင်တွင် စစ်ကောင်စီက ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

မုံရွာအောင်ရှင်ကိုမှု စစ်တပ်ကအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံခဲ့ရကာ ရေကြည်အိုင်စစ်ကြောရေးတွင်ကနဦး စစ်ဆေးမေးမြန်းခံခဲ့ရပြီးနောက် မတ်လဆန်းတွင် အင်းစိန်ထောင်၌ တိုက်ပိတ်ခံခဲ့ရသူ ဖြစ်သည်။

ယနေ့ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်နှင့် အမှုရုပ်သိမ်းမှုတွင် သတင်းမီဒီယာသမားအချို့လည်း ပါဝင်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ ပြစ်ဒဏ်ချမှတ်ထားသည့် ပြည်သူများအနက် ၁,၃၀၀ ကျော်ကိုပြန်လွှတ်ပေးခဲ့ပြီး တရားစွဲဆိုထားသည့် ပြည်သူ ၄,၃၀၀ ကျော်ကို အမှုပိတ်သိမ်းပေးခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။

မတရားဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရသူ ၁,၃၁၆ ဦးကို ပြန်လွှတ်ပေးရာတွင် နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂနှင့်နိုင်ငံတကာကအသိအမှတ်မပြုဘဲ ဖမ်းဆီးထားသူများအားလုံးကိုပြန်လွှတ်ရန် ၊ ဒီမိုကရေစီအမြန်ဖော်ဆောင်ပြီး ပြည်သူ့အာဏာလွှဲပြောင်းပေးရန် နိုင်ငံတကာကပိုမိုဖိအားပေးလာသလို ၊အာဆီယံကိုယ်တိုင်က သမိုင်းတွင်သောဆုံးဖြတ်ချက်အဖြစ် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ရန် ဆုံးဖြတ်ပြီး သုံးရက်အကြာတွင် ယခုကဲသို့အပြစ်မရှိဘဲ မတရားဖမ်းဆီးခံရသူများကိုပြန်လွှတ်ပေးရန် ကြေညာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုတွင် ပါဝင်သူများစွာကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများကို အာဏာသိမ်းပြီး ၈လကျော်အတွင်းဆက်တိုက်ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။