Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ထိုးစစ်ဆင်နေ၍ နေရာအများအပြား၌ တိုက်ပွဲဖြစ်နေဟု MNDAAထုတ်ပြန်

စက်တင်ဘာ ၁၇ရက်တွင် မုံးကိုး၊ ပန်ဆိုင်း ဒေသများ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် လွတ်မြောက်ရေးဒေသ ဟုန်အိုင်ဒေသကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ရန်စခဲ့သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)တပ်များ တည်ရှိရာဒေသများသို့ ထိုးစစ်ဆင်လာ၍ နေရာအများအပြား၌ တိုက်ပွဲဖြစ်ခဲ့ကြောင်း MNDAAက ယနေ့(အောက်တိုဘာ၁၉) သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်တွင် မုံးကိုး၊ ပန်ဆိုင်း ဒေသများ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုးကန့် လွတ်မြောက်ရေးဒေသ ဟုန်အိုင်ဒေသကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ရန်စခဲ့သည်ဟု ဆိုသည်။

ဖောင်းဆိုင်ဒေသ၊ ရှီကျိကျတောင်တန်းကို အဓိကထား၍ ကိုးကန့်နှင့် မုံးကိုးဒေသရှိ အမြှောက်တပ်များ၊ သံချပ်ကာ ကားမျာ၊ အခြားလက်နက်ကြီးများဖြင့်အလုံးအရင်ပစ်တ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရှေ့တန်းရောက် MNDAAတပ်မှ အရာရှိများ၏ ပြောကြားချက်အရ လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ပစ်ခတ်မှုအရေအတွက် ထောင်နှင့်ချီရှိသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီများ၏ အကြိမ်ကြိမ်ထိုးစစ်ဆင်မှုကို MNDAAတပ်မှ အကောင်းဆုံခုခံကာကွယ်နိုင်ခဲ့ပြီး ထိုးစစ်ဆင်လာသည့် တပ် နောက်ပသို့ ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း နှစ်ဖက်ကျဆုံးထိခိုက်မှု အခြေအနေကို ဖော်ပြမထားပေ။

မုံးကိုးနှင့်ပန်ဆိုင်းဒေသတွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAAတို့မှာ တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့ပြီး အဓိကဖြစ်ပွားသောနေရာများမှာ လှိုင်ကန် ၊ ကွမ်သာချင်ရှူရာခုတ် ၊ ပန်တုံ့ ၊ ခန့်ရှိန်တောင် နှင့်ပန်ဆိုင်းဒေသတို့ ဖြစ်သည်ဟု ဆိုသည်။

ရှီကျိကျတောင်တန်း၏ စစ်ရေးတင်းမာမှုကိုဖြေလျော့ရန်အတွက် MNDAA မှ စစ်ဆင်ရေးအဖွဲ့ခွဲများ ဖွဲ့စည်းပြီး ပန်ဆိုင်းရှိစစ်ကောင်စီများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အလားတူ ကိုးကန့်ခရိုင်အတွင်းရှိ MNDAA တပ်ဖွဲ့များသည်လည်း (၁၀၇)မမဖြင့် စစ်ကောင်စီရှိရာလုံးခမ်နှင့် ဟေးရှိန်အမြောက်တပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် တိုက်ပွဲများယခင်ထက်ပိုပြီးပြင်းထန်လာပြီး နှစ်ဖက်လုံး၏စစ်ရေးမှာလည်း ပိုမိုတိုးမြှင့်လာကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။