Connect with us

Hi, what are you looking for?

News

ဖားကန့်တွင် စစ်ကောင်စီရဲကင်းတစ်ခုတိုက်ခိုက်မီးရှို့ခံရ၊ ရဲအချို့လည်းထိခိုက်

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ရဲကင်းကို လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ဖားကန့်မြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲကင်းတစ်ခု ယနေ့(အောက်တိုဘာ၁၉)ညတွင် တိုက်ခိုက်မီးရှို့ခံလိုက်ရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ရဲကင်းကို လက် နက်ကိုင်အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” မရှီကထောင်ရပ်ကွက်က မြို့နယ်ရွေးကော်ရုံးနားက ရဲကင်းအတိုက်ခံရတာ။ရဲ လေး၊ငါးယောက်ပဲ စောင့်တာ။ သေကျေဒဏ်ရာရစာရင်းမသိဘူး။ လူနာတင်ကားတွေတော့လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်သည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွသည့် မြို့ဖြစ်ပြီး စစ်ကောင်စီကို ရှုတ်ချကြောင်း လူထုဆန္ဒထုတ်ဖော်မှုများ နေ့စဥ်ပြုလုပ်နေဆဲဖြစ်သည်။PDFနှင့် KIA လည်း ဘေးကင်းစေကြောင်းဆုတောင်းပွဲများ မကြာခဏပြုလုပ်နေသည်။ စစ်ကောင်စီက ဖားကန့်ဒေသကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIAနဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။