မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်ဝင်ရေးအတွက် ဗြိတိန်အစိုးရက ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးယာယီတာဝန်ခံက ပြောပါတယ်။

ဗြိတိန်သံရုံးယာယီတာဝန်ခံ ရူရစ်ခ်မာစ်ဒန်က မြန်မာပြည်သူတွေအတွက် သီတင်းကျွတ်ဆုတောင်းစကားကို မြန်မာဘာသာနဲ့ရေးသားခဲ့ရာမှာ အခုလို ဖော်ပြတာဖြစ်ပါတယ်။
“သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူတွေအားလုံး ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး ဒီမိုကရေစီဆန္ဒတွေ အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်အသက်၀င်ရေးအတွက် ကျွန်တော်တို့ယူကေအစိုးရက ဆက်လက်ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်” လို့ ရူရစ်ခ်မာစ်ဒန်က ရေးသားပါတယ်။
