Connect with us

Hi, what are you looking for?

News

တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း၁၈လောင်းနှင့် လက်နက်များတွေ့ဟု MNDAA ထုတ်ပြန်

အဆိုပါသတင်းကို ရုပ်သံဖြင့်ဖော်ပြခဲ့ရာ အနည်းဆုံး လက်နက် ၁၃လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုတွေ့ရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာနေရာအား ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၈လောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း MNDAAက ယနေ့(အောက်တိုဘာ၂၀) ထုတ်ပြန်သည်။

မကြာသေးမီရက်ကဖြစ်ပွားခဲ့သည့် ခုခံစစ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ဆုတ်ခွာခဲ့သော MNDAA ရှေ့တန်းနေရာတွင် အောက်တိုဘာ ၁၉ရက် ညနေပိုင်းက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုပ်ပွနေသော အလောင်း၁၈လောင်း နှင့် လက်နက်ခဲယမ်းအချို့ တွေ့ရှိသည်ဟု ဖော်ပြသည်။

အဆိုပါသတင်းကို ရုပ်သံဖြင့်ဖော်ပြခဲ့ရာ အနည်းဆုံး လက်နက် ၁၃လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုတွေ့ရသည်။

သို့ရာတွင်မည်သည့်နေရာဒေသ၌ တိုက်ပွဲဖြစ်ပွားသည်ကို MNDAA၏ ထုတ်ပြန်ချက်၌ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

MNDAAနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မုံးကိုး၊ ပန်ဆိုင်းဒေသများ၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။