Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ရှိ လျှပ်စစ်ရုံး ၁၀ ခုထက်မနည်းကို ဖောက်ခွဲတိုက်ခိုက်သတိပေးခဲ့ဟု YRF ထုတ်ပြန်

စစ်ကောင်စီသည် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်စေရန် ပြည်သူလူထုထံမှ လျှပ်စစ်မီတာခများ အတက်းအဓမ္မကောက်ခံယုံမျှမက လျှပ်စစ်မီးဖြတ်တောက်ခြင်းများကိုပါ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု YRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်ကုန်မြို့ရှိ မြို့နယ်လျှပ်စစ်မန်​နေဂျာရုံး ၁၀ ခုထက်မနည်းကို ယနေ့(​အောက်တိုဘာ၂၂)တွင် ဖောက်ခွဲတိုက်ခိုက် သတိပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစု(YRF)က ထုတ်ပြန်သည်။

YRF အနေဖြင့် မဟာမိတ်အဖွဲ့ဖြစ်သော Yangon Revolution Yong Force(YRYF)နှင့်ပူးပေါင်း၍ (၈)မိုင် လျှပ်စစ်မီတာရုံးကို အဓိကထားကာ ဖောက်ခွဲသတိပေးခဲ့သည့်အပြင် ကျန်လျှပ်စစ်မီတာရုံး ၁၀ ခုထက်မနည်းကိုလည်း ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်စေရန် ပြည်သူလူထုထံမှ လျှပ်စစ်မီတာခများ အတက်းအဓမ္မကောက်ခံယုံမျှမက လျှပ်စစ်မီးဖြတ်တောက်ခြင်းများကိုပါ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု YRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းအနေဖြင့် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ကိုင်နေမည်ဆိုပါက မြို့ပြပျောက်ကြားတော်လှန်ရေးအင်အားစုများအနေဖြင့် ယခုထက်ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု YRFက သတိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းအပြင် ပြည်သူလူထုအနေဖြင့်လည်း စစ်ကောင်စီထံ အခွန်ငွေများပေးဆောင်းခြင်းမပြုကြရန်နှင့် စစ်ကောင်စီတပ်များ တပ်စွဲထားရာ ရုံး၊ အဆောက်အအုံစသည်တို့ကို ရှောင်ကွင်းသွားလာကြပါရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။