ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ လူသတ်စစ်ကောင်စီဆီ စီးဆင်းနေတဲ့ သွေးစွန်းငွေတွေ၊ ငွေကြေးထောက်ပံ့မှုတွေ ရပ်တန့်စေရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့လှုပ်ရှားမှုတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်မှာ စတင်လုပ်ဆောင်မယ်လို့ Blood Money-သွေးစွန်းငွေက ထုတ်ပြန်ထားပါတယ်။
‘မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး’ အွန်လိုင်းလှုပ်ရှားမှုကို အောက်တိုဘာ ၂၅ ကနေ ၃၁ ရက်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဓိကထား တောင်းဆိုဆန္ဒပြသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ရှိတဲ့၊ ဖက်ဒရယ်ဒီမိုကရေစီကို လိုလားတဲ့ ညီအစ်ကိုမောင်နှမများအားလုံး ဒီလှုပ်ရှားမှုမှာ တစ်စုတစ်စည်းတည်း ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဖေ့စ်ဘုတ်မှာ Profile Frame ထားပြီး သွေးစွန်းငွေဖြတ်တောက်ရေးမှာ ပါဝင်ကြဖို့ နှိုးဆော်ထား ပါတယ်။ အောက်ပါနည်းလမ်းတွေအတိုင်း ပူးပေါင်းပါဝင်နိုင်မှာဖြစ်ပါတယ်။ BMC Profile Frame ထားနည်း –
◾အောက်ပါ Link ကို နှိပ်ပါ။
https://twb.nz/bmc22222-url 👈
◾Choose Photo မှာ မိမိပုံ (သို့) မိမိနှစ်သက်ရာ Profile Picture ထားချင်တဲ့ပုံကို ရွေးပြီး ” Next ” နှိပ်ပါ။
◾ထို့နောက် ” Download ” နှိပ်ပါ။ Download နှိပ်ပြီးပါက ” Copy ” နှိပ်ပါ။
◾Download ထားသော ပုံအား မိမိ Facebook နှင့် social media များတွင် Profile Frame ထားထားနိုင်ပါပြီ။
Profile Frame တင်တဲ့အခါ သုံးရမည့် Hashtag များ –
FreezePaymentsToJunta
SanctionMOGE
Total_Chevron_StopSponsoringSAC
BloodMoneyCampaignMM


















































