Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က​​သေနတ်ဖြင့်ပစ်၍ တန့်ဆည်မြို့နယ်မှ ​ဈေးလာဝယ်​သောပြည်သူတစ်ဦး​​သေဆုံး

“ကလေးကခုမှ တစ်နှစ်မပြည့်သေးဘူး အဖေခေါ်စရာမရှိတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အသက် ၂၀ ​ကျော်အရွယ်ကိုအေးမင်းတွင် ဇနီးသည်နှင့် ၈ လအရွယ် သားလေးတစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇနီးနှင့်ရှစ်လအရွယ်သားတစ်ဦးကျန်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှု့ကြောင့် စျေးလာဝယ်သော အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၂ ရက် ညနေ ၅ နာရီဝန်းကျင်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာ နယ်မြေရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲများမှ ခရီးသွားပြည်သူများအား သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကံထူးမသို့ ဆိုင်ကယ်စီးနင်း၍ ဈေးလာဝယ်သော ကြက်ဆူကန်ကျေးရွာမှ ကိုအေးမင်း ရင်ဘတ် ကျည်ထိမှန်ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ဒေသခံများက ပြောသည်။

“ကလေးကခုမှ တစ်နှစ်မပြည့်သေးဘူး အဖေခေါ်စရာမရှိတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အသက် ၂၀ ​ကျော်အရွယ်ကိုအေးမင်းတွင် ဇနီးသည်နှင့် ၈ လအရွယ် သားလေးတစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကံထူးမနယ်မြေရဲစခန်းအနီး အဝိုင်းတွင် စစ်ဆေးရေးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။