Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့ ပေါ်သို့စစ်ကောင်စီတပ်ကလက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်

လူဦးရေ နှစ်သောင်းကျော်ရှိသော မိုးဗြဲမြို့ထဲသို့လအကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ကလေးငယ် ၂ဦးအပါအဝင် ဒေသခံပြည်သူ ၆ဦးထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဒေသတွင်း စစ်ရေးတင်းမာနေခြင်းကြောင့် မိုးဗြဲမြို့ခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း မိုးဗြဲဒေသခံက ပြောသည်။

လူဦးရေ နှစ်သောင်းကျော်ရှိသော မိုးဗြဲမြို့ထဲသို့လအကြမ်းဖက်စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ရက်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ကလေးငယ် ၂ဦးအပါအဝင် ဒေသခံပြည်သူ ၆ဦးထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးသွားသည်။

အဆိုပါ ပစ်ခတ်မှုကို မိုးဗြဲအခြေစိုက်တပ်ရင်း ခလရ (၄၂၂)က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အပြန်အလှန် တိုက်ပွဲဖြစ်၍ ပစ်ခြင်းမျိုးမဟုတ်ဘဲ မြို့ပေါ်လူထုကို တမင်ပစ်မှတ်ထား ပစ်ခတ်ခြင်းဖြစ်ကြောင်း မိုးဗြဲဒေသခံက ပြောသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် မြို့ခံများ ဘေးကင်းရာသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ အရင်တစ်ခေါက် တိုက်ပွဲတုန်းကတစ်မြို့လုံးနီးပါး ရှောင်ကြတယ်။ အခုတစ်ခေါက်တော့ သိပ်ဝေးဝေး လံလံရှောင်မှာတော့ မဟုတ်လောက်ဘူး။ ပြည်သူလူထုတွေက ရှောင်စရာနေရာ မရှိသလောက်ဖြစ် နေတာ။ အခုက ရောဂါတွေလည်း ဖြစ်နေတဲ့အခါကျတော့ မရှောင်ချင်ကြတာ ပါတယ်။ ကျွန်တော်တို့ မိုးဗြဲဒေသမှာက ကိုဗစ်က တော်တော်လေးပြန့်နေတာ” ဟု မိုးဗြဲဒေသခံက ပြောသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) ကလည်း မိုးဗြဲ၌ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်၍ ပြည်သူလူထုများ ဘေးကင်းရာသို့ ရှောင်ရှားကြရန် တိုက်တွန်းထားသည်။ အလားတူမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ပြည်သူများ သတိဖြင့်နေထိုင်ပြီး လုံခြုံရေးကို ပထမ ဦးစားပေးအဆင့် ထားရှိရန် တိုက်တွန်းထားသည်။

” မိုးဗြဲ မြို့ထဲကို စစ်ကောင်စီရဲ့ တပ်ရင်း ၄၂၂ က လက်နက်ကြီးနဲ့ထုနေတာ။သူတို့အခြေစိုက်တပ်နဲ့ မြို့နဲ့က တစ်မိုင်၊ နှစ်မိုင်လောက်ဝေးတယ်။မနက် ၈ နာရီကတည်းက လက်နက်ကြီးနဲ့စစ်တပ်က ထုနေတာ မနက် ၁၀ နာရီအထိ။ ပြီးတော့ ၁၁ နာရီလောက်မှာ ထပ် ပြီး လက်နက် ကြီးသံတွေကြားရတယ်။အခုဆို ဒေသခံတွေစစ်ရှောင်ဖို့ အသီးသီးထွက်ခွာနေကြပါပြီ”ဟု မိုးဗြဲ လူမှုကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ မိုးဗြဲမြို့နယ် အစပ်တွင် ပြည်သူ့ကာကွယ်ရေး တပ်များရှိသည်ဟု သတ်မှတ်၍ လက်နက်ကြီးအသုံးပြု၍ တိုက်ခိုက်ခြင်းဖြစ်သော်လည်း လက်နက်ကြီးများမှာ ပြည်သူများနေအိမ်သို့ ကျရောက်ပေါက်ကွဲနေသည်။

“ဘယ်လို နေလို့ရတော့မှာလဲ။ အချိန်မရွေး ဘယ်နားက ကျလို့ကျမှန်းမသိ တဲ့ လက်နက်ကြီးတွေကြားထဲအသေမခံနိုင်ဘူး။အခု နယ်(တော်ထဲ)ဆင်းဖို့ လုပ်နေတယ်”ဟု မိုးဗြဲဒေသခံတစ်ဦးက ပြောသည်။

မိုးဗြဲနှင့်ဖယ်ခုံ အနီးဝန်းကျင် အပါအဝင် ကရင်နီဒေသ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။ ဖယ်ခုံမြို့နယ်ရှိ ခမရ ၃၃၆ (ခြေမြန်တပ်ရင်း) ကင်းစခန်းကိုဖယ်ခုံ PDFက အောက်တိုဘာ ၂၂ ရက်ညတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှစစ်သမီး ၃ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။