Connect with us

Hi, what are you looking for?

LuduNwayOo

News

ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေသေဆုံးမှုအများဆုံးနိုင်ငံ မြန်မာဖြစ်တယ်လို့ ACLEDအဖွဲ့ ထုတ်ပြန်

မြန်မာရဲ့နောက် ဒုတိယနေရာမှာ ကိုလံဘီယာ၊ တတိယနေရာမှာ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေသေဆုံးမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ACLED(The Armed Conflict Location & Event Data Project)က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်စဉ်အချက် အလက်စောင့်ကြည့်ရေးအဖွဲ့ ACLED ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်း ဆန္ဒပြသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၁ အတွင်း မြန်မာနိုင်ငံက ကမ္ဘာမှာဆန္ဒပြမသူတွေအများဆုံးသေဆုံးတဲ့နိုင်ငံဖြစ်လာတာတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာရဲ့နောက် ဒုတိယနေရာမှာ ကိုလံဘီယာ၊ တတိယနေရာမှာ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းကန့်ကွက်ဖို့အတွက် ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ ထောင်နဲ့ချီတဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝန်း အခုထိ ရှိနေဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဆန္ဒပြသူအများအပြားကို သေနတ်နဲ့ပစ်သတ်ပြီး ရာပေါင်းများစွာသတ်ဖြတ်ခဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။ သေစေတဲ့အထိ ဖြိုခွင်းမှုတွေရှိနေပေမယ့် မြန် မာပြည်သူတွေဟာ အာဏာသိမ်းမှုကို ဆက်လက်အံတုနေဆဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံက စစ်တပ် ‌ထက်ပိုပြီး ဆိုးရွားရက်စက်လွန်းတဲ့ စစ်တပ်ရှိတဲ့ နိုင်ငံမရှိတော့ဘူးဆိုတာ ပြတာပါပဲ။ ဒီလို တပ်မတော်ဆိုတဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စု ရဲ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာအောက်တိုဘာ (၂၄) ဆို ရက်ပေါင်း (၂၆၂) ရက်ရှိခဲ့ပြီ။
ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေကို အသတ်ဖြတ်ဆုံးသော နိုင်ငံ ဆိုသော်ငြားလဲ ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေ ကို ရက်အကြာဆုံး ပုံစံအစုံနဲ့ စီစဥ်ပြီး တော်လှန်နေတဲ့နိုင်ငံ ဆိုလဲ ဟုတ်ပါတယ်။ ဆန္ဒပြပွဲတွေဟာ တရက်လေးတောင် ရပ်မသွားခဲ့ဘူးဆိုတာ ကမ္ဘာက သိနေရပါမယ်”လို့ လူသိများတဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၊ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ရေးသားထားပါတယ် ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု ၂၆၅ ရက်မြောက် အောက်တိုဘာ ၂၃ ရက်အထိ သေဆုံးသူ ၁၁၉၆ ရှိပြီး ၉၁၇၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အပြစ်မဲ့ပြည်သူ ၇၀၁၆ ဦးဟာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ၁၉၅၅ ဦးဟာ ၀ရမ်းထုတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။