Connect with us

Hi, what are you looking for?

News

ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေသေဆုံးမှုအများဆုံးနိုင်ငံ မြန်မာဖြစ်တယ်လို့ ACLEDအဖွဲ့ ထုတ်ပြန်

မြန်မာရဲ့နောက် ဒုတိယနေရာမှာ ကိုလံဘီယာ၊ တတိယနေရာမှာ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေသေဆုံးမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ ACLED(The Armed Conflict Location & Event Data Project)က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခ တည်နေရာနဲ့ ဖြစ်စဉ်အချက် အလက်စောင့်ကြည့်ရေးအဖွဲ့ ACLED ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတဝန်း ဆန္ဒပြသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ၂၀၂၁ အတွင်း မြန်မာနိုင်ငံက ကမ္ဘာမှာဆန္ဒပြမသူတွေအများဆုံးသေဆုံးတဲ့နိုင်ငံဖြစ်လာတာတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာရဲ့နောက် ဒုတိယနေရာမှာ ကိုလံဘီယာ၊ တတိယနေရာမှာ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတို့ ရပ်တည်နေပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းကန့်ကွက်ဖို့အတွက် ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ ထောင်နဲ့ချီတဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ နိုင်ငံတစ်ဝန်း အခုထိ ရှိနေဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဆန္ဒပြသူအများအပြားကို သေနတ်နဲ့ပစ်သတ်ပြီး ရာပေါင်းများစွာသတ်ဖြတ်ခဲ့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။ သေစေတဲ့အထိ ဖြိုခွင်းမှုတွေရှိနေပေမယ့် မြန် မာပြည်သူတွေဟာ အာဏာသိမ်းမှုကို ဆက်လက်အံတုနေဆဲဖြစ်ပါတယ်။

“မြန်မာနိုင်ငံက စစ်တပ် ‌ထက်ပိုပြီး ဆိုးရွားရက်စက်လွန်းတဲ့ စစ်တပ်ရှိတဲ့ နိုင်ငံမရှိတော့ဘူးဆိုတာ ပြတာပါပဲ။ ဒီလို တပ်မတော်ဆိုတဲ့ လက်နက်ကိုင် အကြမ်းဖက်အုပ်စု ရဲ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့ လုပ်ရပ်ဟာအောက်တိုဘာ (၂၄) ဆို ရက်ပေါင်း (၂၆၂) ရက်ရှိခဲ့ပြီ။
ကမ္ဘာပေါ်မှာ ဆန္ဒပြသူတွေကို အသတ်ဖြတ်ဆုံးသော နိုင်ငံ ဆိုသော်ငြားလဲ ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေ ကို ရက်အကြာဆုံး ပုံစံအစုံနဲ့ စီစဥ်ပြီး တော်လှန်နေတဲ့နိုင်ငံ ဆိုလဲ ဟုတ်ပါတယ်။ ဆန္ဒပြပွဲတွေဟာ တရက်လေးတောင် ရပ်မသွားခဲ့ဘူးဆိုတာ ကမ္ဘာက သိနေရပါမယ်”လို့ လူသိများတဲ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၊ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်သူတစ်ဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည်က ရေးသားထားပါတယ် ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှု ၂၆၅ ရက်မြောက် အောက်တိုဘာ ၂၃ ရက်အထိ သေဆုံးသူ ၁၁၉၆ ရှိပြီး ၉၁၇၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ အပြစ်မဲ့ပြည်သူ ၇၀၁၆ ဦးဟာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ၁၉၅၅ ဦးဟာ ၀ရမ်းထုတ်ခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။