Connect with us

Hi, what are you looking for?

LuduNwayOo

News

မိတ္ထီလာမြို့တွင် တပ်​ထောက်ခံပွဲအပြီး ရဲကားတစ်စီးဗုံး​​ပေါက် ရဲတစ်ဦး​သေ၊ စစ်သားနှင့်ရဲ သုံးဦးဒဏ်ရာပြင်းထန်

“အခင်းဖြစ်တဲ့နေရာနဲ့ တပ်မတော်ထောက်ခံပွဲလမ်းကြောင်းနဲ့ ဘာမှတော့မဆိုင်ဘူး။ တပ်မတော်ထောက်ခံပွဲက တစ်နေရာမှာလုပ်တာ။ ပြီးတော့ ပွဲပြီးမှပေါက်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့တွင် ယနေ့နံနက်ပိုင်းကတပ်မတော် (အာဏာသိမ်းစစ်​ကောင်စီတပ်)ထောက်ခံပွဲပြုလုပ်ပြီးနောက် ရဲစခန်းရှေ့ရပ်ထားသည့် စစ်ကားတစ်စီးပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး စစ်သားတစ်ဦးနှင့် ရဲသုံးဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း
မိတ္ထီလာမြို့တွင်နေထိုင်သူများက ပြောသည်။

ယနေ့(အောက်တိုဘာလ ၂၅ရက်) နံနက် ၁၁နာရီ ၃၅မိနစ်ဝန်းကျင်က မိတ္ထီလာမြို့တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ပြီးနောက် ဈေးအနောက်ဘက်ရှိ ဝင်းမာလာအထည်ဆိုင်အနီး အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသော ကင်းလှည့် စစ်ကားအပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှု့ကြောင့် ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲ၃ ယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိခိုက်မိသွားသည့်ရဲများသည် ရဲတပ်ရင်း(၃၅) မှဖြစ်ပြီး သေနတ်နှစ်လက် လမ်းပေါ် ကျန်ရစ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနှင့်ပတ်ပတ်လည်ရှိလမ်းများအား စစ်တပ်မှ ပိတ်ဆို့ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခင်းဖြစ်တဲ့နေရာနဲ့ တပ်မတော်ထောက်ခံပွဲလမ်းကြောင်းနဲ့ ဘာမှတော့မဆိုင်ဘူး။ တပ်မတော်ထောက်ခံပွဲက တစ်နေရာမှာလုပ်တာ။ ပြီးတော့ ပွဲပြီးမှပေါက်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းမဖြစ်ပွားမီနံနက်ပိုင်းကတည်းက မိတ္ထီလာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော Zero Army Brigade 1 အဖွဲ့က မိတ္ထီလာမြို့နေ ပြည်သူများအနေဖြင့် ပြည်သူများတွင် ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရန် တပ်ထောက်ခံပွဲ ပြုလုပ်နေသည့် နေရာနှင့်အနီးတဝိုက်အတွင်း သွားလာလှုပ်ရှားမှုပြုခြင်းများအား ဆင်ခြင်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် Zero Army Brigade 1 အဖွဲ့မှ မိတ္ထီလာ ပြည်သူများအနေဖြင့် သေရေးရှင်ရေး မဟုတ်လျှင် အပြင်မထွက်ရန်နှင့်အမှတ်မထင် မြင်ခဲ့ သိခဲ့ ကြားခဲ့သည်များ ရှိပါလျှင်လည်း နှုတ်ဆိတ် နားပိတ်နေခြင်းဖြင့် ပြည်သူ့ဘက်တော်သား မြို့နေပြောက်ကျားတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံထားသည်။

တပ်မတော်ထောက်ခံပွဲများအား မန္တလေးတိုင်း၊ မိတ္ထီလာ၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့များတွင် အာဏာသိမ်းစစ်​ကောင်စီ၏ ညွန်ကြားမှုဖြင့်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တပ်သား ထွန်းလင်းပိုင် နှင့် တပ်သား ထက်မြတ်သူသည်အောက်တိုဘာ(၃၁)ရက်နေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာ(၁)ရက်နေ့တွင် လာရောက်အလင်းဝင်ခဲ့ခြင်းဟု တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။