Connect with us

Hi, what are you looking for?

News

မိတ္ထီလာမြို့တွင် တပ်​ထောက်ခံပွဲအပြီး ရဲကားတစ်စီးဗုံး​​ပေါက် ရဲတစ်ဦး​သေ၊ စစ်သားနှင့်ရဲ သုံးဦးဒဏ်ရာပြင်းထန်

“အခင်းဖြစ်တဲ့နေရာနဲ့ တပ်မတော်ထောက်ခံပွဲလမ်းကြောင်းနဲ့ ဘာမှတော့မဆိုင်ဘူး။ တပ်မတော်ထောက်ခံပွဲက တစ်နေရာမှာလုပ်တာ။ ပြီးတော့ ပွဲပြီးမှပေါက်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့တွင် ယနေ့နံနက်ပိုင်းကတပ်မတော် (အာဏာသိမ်းစစ်​ကောင်စီတပ်)ထောက်ခံပွဲပြုလုပ်ပြီးနောက် ရဲစခန်းရှေ့ရပ်ထားသည့် စစ်ကားတစ်စီးပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး စစ်သားတစ်ဦးနှင့် ရဲသုံးဦးဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း
မိတ္ထီလာမြို့တွင်နေထိုင်သူများက ပြောသည်။

ယနေ့(အောက်တိုဘာလ ၂၅ရက်) နံနက် ၁၁နာရီ ၃၅မိနစ်ဝန်းကျင်က မိတ္ထီလာမြို့တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ပြီးနောက် ဈေးအနောက်ဘက်ရှိ ဝင်းမာလာအထည်ဆိုင်အနီး အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသော ကင်းလှည့် စစ်ကားအပေါ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှု့ကြောင့် ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲ၃ ယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိခိုက်မိသွားသည့်ရဲများသည် ရဲတပ်ရင်း(၃၅) မှဖြစ်ပြီး သေနတ်နှစ်လက် လမ်းပေါ် ကျန်ရစ်ခဲ့ကြောင်း၊ အခင်းဖြစ်ရာနှင့်ပတ်ပတ်လည်ရှိလမ်းများအား စစ်တပ်မှ ပိတ်ဆို့ကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အခင်းဖြစ်တဲ့နေရာနဲ့ တပ်မတော်ထောက်ခံပွဲလမ်းကြောင်းနဲ့ ဘာမှတော့မဆိုင်ဘူး။ တပ်မတော်ထောက်ခံပွဲက တစ်နေရာမှာလုပ်တာ။ ပြီးတော့ ပွဲပြီးမှပေါက်တာ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းမဖြစ်ပွားမီနံနက်ပိုင်းကတည်းက မိတ္ထီလာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော Zero Army Brigade 1 အဖွဲ့က မိတ္ထီလာမြို့နေ ပြည်သူများအနေဖြင့် ပြည်သူများတွင် ထိခိုက်မှုတစ်စုံတစ်ရာ မရှိစေရန် တပ်ထောက်ခံပွဲ ပြုလုပ်နေသည့် နေရာနှင့်အနီးတဝိုက်အတွင်း သွားလာလှုပ်ရှားမှုပြုခြင်းများအား ဆင်ခြင်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် Zero Army Brigade 1 အဖွဲ့မှ မိတ္ထီလာ ပြည်သူများအနေဖြင့် သေရေးရှင်ရေး မဟုတ်လျှင် အပြင်မထွက်ရန်နှင့်အမှတ်မထင် မြင်ခဲ့ သိခဲ့ ကြားခဲ့သည်များ ရှိပါလျှင်လည်း နှုတ်ဆိတ် နားပိတ်နေခြင်းဖြင့် ပြည်သူ့ဘက်တော်သား မြို့နေပြောက်ကျားတပ်ဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံထားသည်။

တပ်မတော်ထောက်ခံပွဲများအား မန္တလေးတိုင်း၊ မိတ္ထီလာ၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့များတွင် အာဏာသိမ်းစစ်​ကောင်စီ၏ ညွန်ကြားမှုဖြင့်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook