Connect with us

Hi, what are you looking for?

LuduNwayOo

News

နှုတ်ထွက်စာလိမ်တင်ပြီး အုပ်ကြီးဆက်လုပ်နေသူ ဒလန် ဝေလင်းအောင် အသတ်ခံရ

“လိမ်ပြီး စစ်ကျွန်ခံတဲ့ကောင်ပါ။ရက်ကွက် ထောက်ခံစာလည်း သူ့ဆီသွား လုပ်ရတာပဲ။ပြီးတော့ အာဏာပါဝါလည်း ခဏ ခဏ ပြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

နှုတ်ထွက်စာတင်ထားပြီး စစ်ကောင်စီသတင်းပေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လုပ်နေသူ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဝေလင်းအောင် ယနေ့ နံနက်အစောပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက အတည်ပြုသည်။

ယနေ့ (အောက်တိုဘာ ၂၆ ရက်)နံနက် ၄ နာရီခန့်တွင် တပ်ရင်း (၉)ထိပ်၌ သေနတ်ဖြင့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။

စက်တင်ဘာအတွင်းက နှုတ်ထွက်စာတင်ထားသည်ဟု ဒေသခံများကို လိမ်လည်ပြောကြားခဲ့ပြီး အမှန်တကယ်မနှုတ်ထွက်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သက်ဆိုင်ရာနေရာများတွင် ‌ တာဝန်ကို တိတ်တဆိတ်ထမ်းဆောင်နေကြောင်း သိရသည်။

“လိမ်ပြီး စစ်ကျွန်ခံတဲ့ကောင်ပါ။ရက်ကွက် ထောက်ခံစာလည်း သူ့ဆီသွား လုပ်ရတာပဲ။ပြီးတော့ အာဏာပါဝါလည်း ခဏ ခဏ ပြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းသည် ကုန်းတလပေါင်းကျေးရွာရှိ အသက်မပြည့်သေးသော် မိန်းကလေးငယ်အား အမှုဆင်လိမ်လည်ကာ ဖမ်းဆီးခိုင်းစေခဲ့သူအဖြစ် ထင်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ယင်းစစ်ဆင်ရေးကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့် Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပစ်ခတ်မှုကို Golden Eagle Force-Monywa နှင့် Ka Naung Min Tar Gyi(Monywa)၊ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။