Connect with us

Hi, what are you looking for?

News

နှုတ်ထွက်စာလိမ်တင်ပြီး အုပ်ကြီးဆက်လုပ်နေသူ ဒလန် ဝေလင်းအောင် အသတ်ခံရ

“လိမ်ပြီး စစ်ကျွန်ခံတဲ့ကောင်ပါ။ရက်ကွက် ထောက်ခံစာလည်း သူ့ဆီသွား လုပ်ရတာပဲ။ပြီးတော့ အာဏာပါဝါလည်း ခဏ ခဏ ပြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

နှုတ်ထွက်စာတင်ထားပြီး စစ်ကောင်စီသတင်းပေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ဆက်လုပ်နေသူ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဝေလင်းအောင် ယနေ့ နံနက်အစောပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက အတည်ပြုသည်။

ယနေ့ (အောက်တိုဘာ ၂၆ ရက်)နံနက် ၄ နာရီခန့်တွင် တပ်ရင်း (၉)ထိပ်၌ သေနတ်ဖြင့်ပစ်ခံခဲ့ရခြင်းဖြစ်သည်။

စက်တင်ဘာအတွင်းက နှုတ်ထွက်စာတင်ထားသည်ဟု ဒေသခံများကို လိမ်လည်ပြောကြားခဲ့ပြီး အမှန်တကယ်မနှုတ်ထွက်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သက်ဆိုင်ရာနေရာများတွင် ‌ တာဝန်ကို တိတ်တဆိတ်ထမ်းဆောင်နေကြောင်း သိရသည်။

“လိမ်ပြီး စစ်ကျွန်ခံတဲ့ကောင်ပါ။ရက်ကွက် ထောက်ခံစာလည်း သူ့ဆီသွား လုပ်ရတာပဲ။ပြီးတော့ အာဏာပါဝါလည်း ခဏ ခဏ ပြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းသည် ကုန်းတလပေါင်းကျေးရွာရှိ အသက်မပြည့်သေးသော် မိန်းကလေးငယ်အား အမှုဆင်လိမ်လည်ကာ ဖမ်းဆီးခိုင်းစေခဲ့သူအဖြစ် ထင်ရှားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတာတွေ လုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ကချင်ပြည်နယ် ရွှေကူခရိုင် အခြေစိုက်လှုပ်ရှားနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၁၁) တပ်ရင်း(၁၂) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့အမှတ် (၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သက်တော်စောင့် စစ်ကောင်စီတပ်သားကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ် ခရိုင်အမှတ်(၁)တပ်ရင်းက နိုဝင်ဘာ ၅ရက်မှာ ထုတ်ပြန်ပါတယ်။