Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုတွေချက်ချင်းအဆုံးသတ်ဖို့ စစ်ကောင်စီကို သမ္မတဂျိုးဘိုင်ဒင်တောင်းဆို

အမေရိကန်-အာဆီယံထိပ်သီးညီလာခံကို အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ သမ္မတဘိုင်ဒင်က မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုကို အလွန်အမင်း စိုးရိမ် ကြောင်း ထည့်သွင်ပြောကြားတယ်လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ အမေရိကန်သမ္မတဂျိုး ဘိုင်ဒင်က တောင်းဆိုလိုက်တယ်လို့ အိမ်ဖြူတော်က ဒီနေ့(အောက်တိုဘာ ၂၆ရက်) သတင်းထုတ် ပြန်ပါတယ်။

အမေရိကန်-အာဆီယံထိပ်သီးညီလာခံကို အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ သမ္မတဘိုင်ဒင်က မြန်မာနိုင်ငံမှာ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုကို အလွန်အမင်း စိုးရိမ် ကြောင်း ထည့်သွင်ပြောကြားတယ်လို့ အိမ်ဖြူတော်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေ ပြန်လွှတ်ပေးရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးတို့ကိုလည်း သမ္မတဘိုင်ဒင်က တောင်းဆိုပါတယ်။

ဒါ့အပြင် အာဆီယံခေါင်းဆောင်တွေရဲ့ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီက တာဝန်ခံ လုပ်ဆောင်ဖို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း အမေရိကန်သမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook