Connect with us

Hi, what are you looking for?

News

လက်နက်ခဲယမ်းသယ် စစ်ကောင်စီယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်ခဲ့ဟု MNDAA ထုတ်ပြန်

အောက်တိုဘာ ၂၆ရက်တွင်လည်း စစ်ကောင်စီယာဉ် ၂၅စီးသည် ကွတ်ခိုင်မှ နမ့်ဖက်ကာသို့မောင်းနှင်လာကြောင်း၊ နေ့လည်ပိုင်းတွင် အင်အား ၄၀ကျော်သည့် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ့်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင်တိုက်ပွဲအကြီးအကျယ်ဖော်ဆောင်ရန်အတွက် လက်နက် ခဲယမ်းသယ်ဆောင်လာသောယဥ်တန်းများကို ကိုးကန့်တပ်မတော်(MNDAA)က ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း MNDAAက ယနေ့(​အောက်တိုဘာ၂၈)ထုတ်ပြန်သည်။

အောက်တိုဘာမှစတင်ပြီး MNDAAနှင့် စစ်ကောင်စီတပ်တို့ ရှမ်းမြောက်၌ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း၊ အောက်တိုဘာ ၁၆ရက်နှင့် ၁၇ရက်တွင် စစ်ကောင်စီမှ ပြင်းထန်သော တိုက်ပွဲ ဖော်ဆောင်ခဲ့ကြောင်း၊ ယခုရက်ပိုင်းတွင် စစ်ကောင်စီသည် စစ်ကားများစွာကို တိုက်ပွဲဖြစ်ပွားရာနေရာသို့မောင်းနှင်လာခဲ့ရာ အခြေနေမှာ ရှမ်းမြောက်၌ တိုက်ပွဲအကြီအကျယ် ဖြစ်ပွားလာနိုင်ကြောင်း ကိုးကန့်တပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အောက်တိုဘာ ၂၅ရက်တွင် စစ်ကောင်စီတပ်သည် ကိုးကန့်လုံးခမ်၊ ဟေးရှန်းနှင့် မုံးကိုးဖောင်းဆိုင်တွင်အခြေစိုက်သော စစ်ကောင်စီလက်နက်ကြီးစခန်းသည် ရှိကျိကျတောင်တန်းတွင် ရှိသော ကိုးကန့် MNDAA တပ်ကိုလက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညပိုင်းတွင် လက်နက်ခဲယမ်းနှင့်ရိက္ခာများသယ်ဆောင်လာစစ်ကောင်စီကား(၄၈)စီး လားရှိုးမှ သိန္နီသို့တက်လာပြီး မုံးကိုးဒေသဘက်သို့ချီတက်လာသည်ဟု ဆိုသည်။

အဆိုပါယာဉ်တန်းကို MNDAA တပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညသန်းခေါင်ယံ အချိန်တွင် စစ် ယာဉ်တန်းသည် တိုက်ခိုက်ခံရသည့်နေရာမှထွက်ခွာရာ MNDAA က ၄၀မမနှင့် စက်သေနတ်တို့ဖြင့် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးပြီး လူအချို့ကျဆုံးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၆ရက်တွင်လည်း စစ်ကောင်စီယာဉ် ၂၅စီးသည် ကွတ်ခိုင်မှ နမ့်ဖက်ကာသို့မောင်းနှင်လာကြောင်း၊ နေ့လည်ပိုင်းတွင် အင်အား ၄၀ကျော်သည့် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ့်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်သို့ လက်နက်ခဲယမ်းနှင့် လူအင်အား ဆက်လက်ဖြည်တင်းနေခြင်းသည် စက်တင်ဘာလက စစ်ကောင်စီတပ် ကြေညာခဲ့သည့်

အပစ်အခတ်ရပ်စဲရေ ၅လ သက်တမ်းတိုးသည့် ကြေ ညာချက်ကို ချိုးဖောက်နေခြင်းဖြစ်သည့်အပြင်
ကိုဗစ် ရောဂါကိုလည်း တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း၌ပျံ့ပွားစေကြောင်း MNDAAက ဆိုသည်။

စစ်ကောင်စီတပ်က စဉ်ဆက်မပြတ် ထိုးစစ်ဆင်လာခြင်းကြောင့် သံလွင်မြစ်အနောက်ဘက်တွင် တည်ရှိသော ကိုးကန့် MNDAA မှာ ဒေသ၏ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို လုပ်ဆောင်ရသည့်အပြင် စစ်ကောင်စီ ၏ထိုးစစ်မှုကိုလည်း ခုခံကာကွယ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။