Connect with us

Hi, what are you looking for?

News

တရုတ်က မြန်မာမှ ကြံ၊ရာဘာ၊လျှော်ဖြူ နှင့် ဝါဂွမ်းကိုနယ်စပ်မှ ပြန်တင်သွင်းခွင့်ပြု

ထိုခွင့်ပြုချက်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်းချမ်းခရိုင် ကုန်သွယ်ရေးဌာနဘက်က ခွင့်ပြုထားပြီး မြန်မာဘက်က ခွင့်ပြုပါက တင်ပို့နိုင်မည်ဟု အဆိုပါကုန်သည်အသင်းက ဆိုသည်။

စက်မှုကုန်ကြမ်းအတွက် စိုက်ပျိုးရေးထုတ်ကုန် လေးမျိုးကို မြန်မာနိုင်ငံက ပြန်လည်တင်သွင်းခွင့်ပြုကြောင်း တရုတ်နိုင်ငံက စာထုတ်အကြောင်းကြားလာသည်ဟု ချင်းရွှေဟော်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

တရုတ်နိုင်ငံက ပြည်လည်တင်သွင်းခွင့်ပြသည့် စက်မှုကုန်ကြမ်း စိုက်ပျိုးရေးထုတ်ကုန်များမှာ ကြံ၊ ရာဘာ၊ လျှော်ဖြူနှင့် ဝါဂွမ်းတို့ဖြစ်ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းထံမှာ သိရသည်။

ထိုခွင့်ပြုချက်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်းချမ်းခရိုင် ကုန်သွယ်ရေးဌာနဘက်က ခွင့်ပြုထားပြီး မြန်မာဘက်က ခွင့်ပြုပါက တင်ပို့နိုင်မည်ဟု အဆိုပါကုန်သည်အသင်းက ဆိုသည်။

“တရုတ်ဘက်က စာထုတ်ထားတယ်၊ မြန်မာဘက်ကတော့ အကြောင်းမပြန်သေးဘူး”ဟု ကုန်သည်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ခုအနက် တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်စခန်းဖြစ်သည့် ချင်းရွှေဟော်ဂိတ်ကို တရုတ်နိုင်ငံဘက်က အောက်တိုဘာ ၆ ရက်မှစတင်ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုနောက် အဆိုပါစက်မှုကုန်ကြမ်း လေးမျိုးကို ပြန်လည်ခွင့်ပြုခြင်းဖြစ်ပြီး အခြား စိုက်ပျိုးရေးထုတ်ကုန်များကို တင်ပို့ခွင့်ရဦးမည် မဟုတ်ကြောင်း ကုန်သည်များထံမှ သိရသည်။

“သူတို့လိုချင်တဲ့ ကုန်ကြမ်းတွေပဲ တင်ပို့ခိုင်းတဲ့ သဘောပေါ့၊ ကြံတွေဆိုရင် ဒီဘက်မှာ တရုတ်တွေစိုက်တာတွေ ပြန်ပို့ဖို့ ခွင့်ပြုတာလဲပါတယ်”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံက တရုတ်နိုင်ငံကို အဓိက ပို့ကုန်အများဆုံးပို့သည့်ဂိတ်ဖြစ်ပြီး လယ်ယာထွက်ကုန်နှင့်ရေထွက်ကုန်များ တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လူသုံးကုန်ပစ္စည်းများပြန်လည်တင်ပို့နေသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။

ထိုနယ်စပ်ကုန်သွယ်စခန်းတွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သန်း ၅၄၀ဖိုးကုန်သွယ်ထားပြီး မြန်မာဘက်က ဒေါ်လာ သန်း ၄၂၀ကျော်ဖိုး ကုန်ပစ္စည်းတင်ပို့နိုင်ခဲ့သည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ဒေါ်လာ သန်း ၄၅၀ ဖိုးကုန်သွယ်ခဲ့ပြီး မြန်မာဘက်က သန်း ၃၅၀ဖိုး ကုန်ပစ္စည်းတင်ပို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

၂၀၂၆ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နေချင့်စဖွယ် အကောင်းဆုံး နိုင်ငံတွေ စာရင်းမှာ အက်စ်တိုးနီးယားက နံပါတ်တစ်အဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook