Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ မိုးဗြဲရှိ ပြည်သူ နှစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် နှစ်ဦးထက်မနည်းဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ယနေ့နံနက်တွင် အမျိုသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရာရခဲ့သည်

စစ်ကောင်စီတပ်များ ရမ်းသမ်းပစ်ခတ်၍ ယနေ့ (အောက်တိုဘာ ၂၉ရက်)တွင် မိုးဗြဲမြို့ရှိ ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထက်မနည်းဒဏ်ရာရခဲ့ဟု အဆိုပါမြို့ရှိ ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ယနေ့နံနက်တွင် အမျိုသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရာရခဲ့သည်။

နေ့လည်ပိုင်းတွင်လည်း မိုးဗြဲမြို့ပေါ်ဦး (၁)ရပ်ကွက်မှ အမျိုးသားတစ်ဦး တောင်ယာစပါး ရိတ်သိမ်းရင်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း Mobye Rescue Team ကသတင်းထုတ်ပြန်သည်။

“လောလောဆယ် မနက် နှစ်ယောက်၊ နေ့လည် နှစ်ယောက်။ နေ့လည် တစ်ယောက်ကတော့ ထပ်ဆုံးသွားပြီ။ သူ့ကလေးတစ်ယောက်ကျန်ခဲ့တယ်။ အခုနေ့လည်ထပ်ထိတာက ပေါ်ဦး(၁)ရပ်ကွက်က အမျိုးသားတစ်ယောက်နဲ့ သူ့ရဲ့ကလေး။ တောင်ယာစပါးရိတ်နေတဲ့အချိန်ထိတာဗျ”ဟု ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးကျည်ထိမှန်သေဆုံးသူ၏ သားဖြစ်သူ ၆နှစ်အရွယ် ကလေးငယ်လည်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့၍ ဆေးကုသနေဆဲဖြစ်သည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရသူများ ယခုထက်ပိုနိုင်ပြီး လုံခြုံရေးအခြေအနေအရ မြေပြင်ကွင်းဆင်းရန် အခက်အခဲရှိကြောင်း ကူညီရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ်က မြို့တွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါ အဝင်ငါးဦး ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင်လည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူအချို့​သေဆုံးပြီး ​နေအိမ်များလည်း ပျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook