မန္တလေးမြို့တွင်းမှာ အိမ်စီးကားနဲ့လှည့်လည်သွားလာနေတဲ့ စစ်ကောင်စီကားဟာ ဒီနေ့မနက်ပိုင်းက ဗုံးပစ်ထည့်ခံရလို့ စစ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းက မဟာအောင်မြေမြို့နယ်သံလျှက်မှော် အနောက်ရပ်ကွက် သားသတ်ရုံအနီးမှာ သွားလာနေတဲ့ စစ်ကောင်စီကားထဲကို ဗုံးပစ်ခံရလိုက်ရတာပါ။
“ဗုံးသံကတော်တော်အကျယ်ကြီးပဲ။ စစ်တပ်ဘက်က အထိအခိုက်တွေရှိတယ် တစ်ယောက်သေတယ်လို့ကြားတယ်”လို့ စိန်ပန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပါတယ်။
ကားအတွင်း ဗုံးပေါက်ကွဲမှုကြောင့် စစ်သားတစ်ဦးသေဆုံးပြီး ဆိုင်ကယ်မောင်းနေတဲ့ ပြည်သူ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Public Service Announcement
ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး စိုးရိမ်ရတဲ့ အခြေနေမှာမရှိဘူးလို့ ကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့အနီးပတ်ဝန်းကျင်မျာ ပိတ်ဆို့ပြီး စစ်ဆေးနေပါတယ်။
မနေ့ညပိုင်းကလည်း မန္တလေး ကန်တော်ကြီး Lake View စင်တင်မှာဗုံးပေါက်ကွဲပြီး ဒဏ်ရာရရှိတွေရှိခဲ့ပါတယ်။


















































