Connect with us

Hi, what are you looking for?

News

ပြည်သူအပေါ်အကြမ်းဖက်သည့် စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဆက်ခုခံရန်နှင့် ခုခံနေသူများကို ကူညီပေးရန် NUG တိုက်တွန်း

စစ်ကောင်စီကို မြေပြင်တွင်ခုခံတွန်း လှန်မှုပြုလုပ်နေကြသည့် ပြည်သူ့သူရဲကောင်းများအား နည်းမျိုးစုံဖြင့် ဆက်လက်ထောက်ပံ့ကူညီပေးကြရန်လည်း NUGက တိုက်တွန်းပန်ကြားထားသည်။

People's Spring
People's Spring

မြန်မာပြည်သူများဒုက္ခမျိုးစုံခံစားနေရမှု အမြန်ရပ်တန့်ရေး ထိရောက်သည့်အရေးယူမှုပြုရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအားပန်ကြား

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ရှိသည့်နေရာတွင်၊ ရှိသည့်နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ခုခံဆန့်ကျင်တွန်းလှန်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(အောက်တိုဘာ၃၀)ထုတ်ပြန်သည်။

ချင်းပြည်နယ် ထန်တလန်အပါအဝင် ဒေသအသီးသီးတွင် စစ်ကောင်စီတပ်များက ဒေသခံပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများ၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်နေမှု အခြေအနေများနှင့်ပတ်သက်၍ NUGကထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြထားသည်။

စစ်ကောင်စီကို မြေပြင်တွင်ခုခံတွန်း လှန်မှုပြုလုပ်နေကြသည့် ပြည်သူ့သူရဲကောင်းများအား နည်းမျိုးစုံဖြင့် ဆက်လက်ထောက်ပံ့ကူညီပေးကြရန်လည်း NUGက တိုက်တွန်းပန်ကြားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြုတန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်း အဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ် တန့်နိုင် ရေးအတွက် ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် တိုက်တွန်းပန်ကြားခဲ့သည်။

NUG၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၂၉ရက်က ထန်တလန်မြို့၌ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်အပါအဝင် ဒေသအသီးသီးရှိ ပြည်သူများအား အကြမ်းဖက်သည့် ဖြစ်စဉ်များကို ထည့်သွင်းဖော်ပြခဲ့သည်။

ထန်တလန်တွင် ခရစ်ယာန်ဘုရားကျောင်းနှင့် သာသနိကအဆောက်အဦးများအနည်းဆုံးသုံးခုအပါအဝင် လူနေအိမ် ၁၆၄လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကနဦးသိရှိရခြင်းအတွက် များစွာတုန်လှုပ်ခြောက်ခြားမိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၈ရက်ကလည်း ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်ပေါင်း ၂၀ ကျော် ပျက်စီးခဲ့ရပြီး၊ သင်းအုပ်ဆရာတော်တစ်ပါးသေဆုံးခဲ့ရသည်ဟု ဖော်ပြသည်။ ထို့ပြင် မြို့ပေါ်ရှိဒေသခံပြည်သူများအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆို သည်။

ထို့ပြင် ဖလမ်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၃၅လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ရပြီး၊ အနည်းဆုံး လူနေအိမ်အလုံး ၁၀၀ မှာထိခိုက်ပျက်စီးမှုဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်က ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ လူနေအိမ် ၂၆၇လုံး ပျက်စီးခဲ့ပြီး ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် လူနေအိမ် ၅၈ လုံးပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကောင်း ဒေသခံများ၏ သတင်းပို့ချက်ကို ကိုးကားဖော်ပြသည်။ ထို့ပြင် မိုးဗြဲနယ်တွင်လည်း စစ်ကောင်စီတပ် ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြသည်ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းပြည်နယ်နှင့် ကယား (ကရင်နီ)ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံအနှံ့အပြားတွင် ဒေသခံပြည်သူများပိုင်ဆိုင်သည့်နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုပစ္စည်းအပါအဝင် အဖိုးတန်ပစ္စည်းဥစ္စာများကို သိမ်းပိုက်ယူငင်ခြင်း၊ သာသနိက အဆောက်အဦးများတွင် တပ်စွဲလျက် သက်ဆိုင်ရာဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ဘာသာရေး အသုံး အဆောင်ပစ္စည်းများအား ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် စိတ်ထင်သလို အကြမ်းဖက်ပြုမူခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ အစရှိသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက်ကျူးလွန်လျက်ရှိကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

ထန်တလန်မြို့တွင် စစ်ကောင်စီမှပြုမူခဲ့သောကိစ္စရပ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်ကောင်စီမှပြုမူသောအကြမ်းဖက်မှုများအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် စစ်ကောင်စီ ကြောင့်ဒုက္ခဆင်းရဲမှုမျိုးစုံကြုံတွေ့နေရသည့် တိုင်းရင်းသားပြည်သူများအားတတ် နိုင်သမျှ ဆက်လက်ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။