Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်တွင် စစ်ကောင်စီတပ်က စပါးခင်းများကိုဖျက်ဆီး

လွိုင်ကော်ကနေ မိုးဗြဲကို စစ်ကြောင်းထိုးဖို့ စစ်ခွေးတွေ တက်သွားတယ်။လမ်းမကြီး အတိုင်းမသွားဘဲ ရွာတွေထဲက စပါးခင်းတွေကို ဖျက်ဆီးတယ်။ချွေဖို့ ပုံထားတဲ့ စပါးပုံတွေကို မီးပါရှို့ခဲ့ကြတယ်”ဟု ဝါရီကောခူကျေး ရွာသားတစ်ဦးက ပြောသည်။

ကယားပြည်နယ် အတွင်း စစ်ကြောင်ထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ စပါးခင်းများကို ဖျက်ဆီးနေကြောင်း ဒေသခံများကပြောသည်။

“လွိုင်ကော်ကနေ မိုးဗြဲကို စစ်ကြောင်းထိုးဖို့ စစ်ခွေးတွေ တက်သွားတယ်။လမ်းမကြီး အတိုင်းမသွားဘဲ ရွာတွေထဲက စပါးခင်းတွေကို ဖျက်ဆီးတယ်။ချွေဖို့ ပုံထားတဲ့ စပါးပုံတွေကို မီးပါရှို့ခဲ့ကြတယ်”ဟု ဝါရီကောခူကျေး ရွာသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မိုးဗြဲ မြို့နယ်သို့ စစ်ကြောင်း နှစ်ခုဖြင့် ထိုးစစ်ဆင်ရန် စတင်နေပြီဖြစ်ကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယရေးတပ်ဖွဲ့များက ပြောသည်။

“အခု အနေအထားက စစ်တပ်က ဖယ်ခုံဘက်က နေတစ်ကြောင်း၊လွိုင်ကော်မြို့ဘက်က နေတစ်ကြောင်း အကြီး အကျယ် ထိုးစစ်ဆင်ဖို့လုပ်နေတယ်။မိုးဗြဲက ဖယ်ခုံ နဲ့လွိုင်ကော်ကြားမှာရှိနေတယ်။အကောင်းဆုံးခုခံ ဖို့ပဲစီစဥ်ထားတယ်”ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF)၏ တာဝန်ရှိသူက ယနေ့ ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ စစ်ကြောင်းထိုးရာ ဒေသတစ်ဝိုက်ရှိ ဒေသခံ လူနေအိမ်များကို ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား PDF ဟု စွပ်စွဲကာ သတ်ဖြတ်မှုများကို မကြာခဏ ပြုလုပ်နေသည်။

အောက်တိုဘာ ၂၉ ရက်ကလည်း စစ်တပ်၏လက်နက် ကြီးကျည်ကြောင့် မိုးဗြဲမြို့နယ်မှ ဒေသခံနှစ်ဦး သေဆုံးခဲ့သည်။

ကရင်နီဒေသတွင် ဒေသခံပြည်သူများ စပါးရိတ်သိမ်းခြင်း ၊တောင်ယာလုပ်ငန်းများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဝင်ရောက်ကူညီကြသော်လည်း၊အာဏာ သိမ်းစစ်ကောင်စီတပ်ကမူ ဖျက်ဆီးနေခြင်းဖြစ်သည်။

(ဖျက်ဆီးခံရသည့် စပါးခင်းများကို တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။