Connect with us

Hi, what are you looking for?

News

လှိုင်ရဲစခန်းကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ဟု 44st – UG အဖွဲ့ထုတ်ပြန်

အဆိုပါတိုက်ခိုက်မှုအတွင်း သုံးချက်မှာ စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ချက်မှာ ကျည် ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း 44st-UG အဖွဲ့က ဆိုသည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်ရဲစခန်းကို ယနေ့(အောက်တိုဘာ ၃၁)နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း 44st-UG အဖွဲ့က ထုတ်ပြန်သည်။

“44st-UG နှင့်မဟာမိတ်အဖွဲ့အစည်းများမှ ယနေ့နေ့လည် ၁၂:၁၀ တွင် လှိုင်မြို့နယ် ရဲစခန်းအား လက်နက်ကြီးဖြင့် လေးချက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး မိမိတို့ရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွါလာနိုင်ခဲ့ကြောင်း မိဘပြည်သူများထံ အသိပေးတင်ပြလိုက်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း သုံးချက်မှာ စခန်းတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ချက်မှာ ကျည် ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ကြောင်း 44st-UG အဖွဲ့က ဆိုသည်။

“စခန်းအပြင်ဘက်က ရဲကင်းကိုထိတာ။ အဲမှာအစောင့်တွေရှိတော့ သုံးယောက်ထိပြီး စိုးရိမ်ရအခြေအနေလို့ သိရတယ်။ ပစ်တာက အဝေးကနေ ရှော့တိုက်ဒုံးနဲ့ ပစ်တာလို့ ပြောတယ်”ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲမှုဖြစ်သည့်နေရာမှာ လှိုင်ရဲစခန်းရှေ့ တပ်ဘောလုံးကွင်းနှင့် ရန်ကုန်ယူနိုက်တက်ပိုင် ဘောလုံးကွင်းဘေးရဲကင်းစခန်းတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။