Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ကျောင်းပြန်ဖွင့်ပေမယ့် ဆရာ၊ဆရာမတွေသာ ကျောင်းတက်

“ဒီနေ့စဖွင့်တဲ့နေ့မှာတော့ ကျောင်းသား၊သူတွေမလာကြသေးဘူး။ ကျောင်းအပ်ကတော့ အခုထိလက်ခံပေးနေတုန်းပါပဲ”လို့ မန္တလေးမြို့ရှိ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးကပြောပါတယ်။

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ ဒီနေ့မှာ မန္တလေးရှိကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေသာ ကျောင်းတက်တာကိုတွေ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ပိတ်ထားတဲ့ စာသင်ကျောင်းတွေဟာ နိုဝင်ဘာလ ၁ရက်နေ့မှာပြန်ဖွင့်ရမယ်လို့ စစ်ကောင်စီကအမိန့်ထုတ်ထားပါတယ်။

စာသင်ကျောင်းတွေပြန်ဖွင့်ပေမယ့် မန္တလေးမှာ ကျောင်းသား၊သူတွေ ကျောင်းတက်တာကိုမတွေ့ရဘဲ CDM မှာမပါဝင်တဲ့ ဆရာ၊ဆရာမတွေသာ အရပ်ဝတ်နဲ့ ကျောင်းတက်နေကြတာဖြစ်ပါတယ်။

“ဒီနေ့စဖွင့်တဲ့နေ့မှာတော့ ကျောင်းသား၊သူတွေမလာကြသေးဘူး။ ကျောင်းအပ်ကတော့ အခုထိလက်ခံပေးနေတုန်းပါပဲ”လို့ မန္တလေးမြို့ရှိ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျောင်းလည်းမအပ်ထားဘူး။ ဒီအခြေနေမှာကျောင်းထားဖို့စိတ်ကူးမရှိဘူး။ စာတွေမမေ့အောင်လို့တော့ ပြင်ပကျူရှင်ပဲထားတော့တယ်”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကျောင်းပြန်ဖွင့်ဖို့အတွက် ကျောင်းသူ ၊ကျောင်းသားတွေကို အသက်၁၂နှစ်အရွယ်ကစတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံတာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။