Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ ကျောင်းပြန်ဖွင့်ပေမယ့် ဆရာ၊ဆရာမတွေသာ ကျောင်းတက်

“ဒီနေ့စဖွင့်တဲ့နေ့မှာတော့ ကျောင်းသား၊သူတွေမလာကြသေးဘူး။ ကျောင်းအပ်ကတော့ အခုထိလက်ခံပေးနေတုန်းပါပဲ”လို့ မန္တလေးမြို့ရှိ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးကပြောပါတယ်။

စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့ ဒီနေ့မှာ မန္တလေးရှိကျောင်းတွေမှာတော့ ဆရာ၊ ဆရာမတွေသာ ကျောင်းတက်တာကိုတွေ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ပိတ်ထားတဲ့ စာသင်ကျောင်းတွေဟာ နိုဝင်ဘာလ ၁ရက်နေ့မှာပြန်ဖွင့်ရမယ်လို့ စစ်ကောင်စီကအမိန့်ထုတ်ထားပါတယ်။

စာသင်ကျောင်းတွေပြန်ဖွင့်ပေမယ့် မန္တလေးမှာ ကျောင်းသား၊သူတွေ ကျောင်းတက်တာကိုမတွေ့ရဘဲ CDM မှာမပါဝင်တဲ့ ဆရာ၊ဆရာမတွေသာ အရပ်ဝတ်နဲ့ ကျောင်းတက်နေကြတာဖြစ်ပါတယ်။

“ဒီနေ့စဖွင့်တဲ့နေ့မှာတော့ ကျောင်းသား၊သူတွေမလာကြသေးဘူး။ ကျောင်းအပ်ကတော့ အခုထိလက်ခံပေးနေတုန်းပါပဲ”လို့ မန္တလေးမြို့ရှိ အလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျောင်းလည်းမအပ်ထားဘူး။ ဒီအခြေနေမှာကျောင်းထားဖို့စိတ်ကူးမရှိဘူး။ စာတွေမမေ့အောင်လို့တော့ ပြင်ပကျူရှင်ပဲထားတော့တယ်”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ကျောင်းပြန်ဖွင့်ဖို့အတွက် ကျောင်းသူ ၊ကျောင်းသားတွေကို အသက်၁၂နှစ်အရွယ်ကစတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံတာတွေပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။