Connect with us

Hi, what are you looking for?

News

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားအချို့ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်ပျက်စီး

အောက်တိုဘာ ၃၀ရက်က မိုးတာရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့ကြောင်း မိုးတားဒေသခံ အချို့က ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၃၀ရက်က မိုးတာရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၃၀ရက်က တိုက်ပွဲဖြစ်ပွားသည့် ညတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်ခဲ့၍ မိုးတားလေး ဘုရား ကြီးကျောင်းတွင် လက်နက်ကြီး ထိမှန်ကာ ပျက်စီးမှုများရှိခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင်တိုက်ပွဲကြောင့်ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မိုးတားသတင်းသိစရာအစုံ အမည်ရှိ Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါ မိုးတားဒေသတိုက်ပွဲတွင် KIAနှင့် PDF တို့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook