Connect with us

Hi, what are you looking for?

LuduNwayOo

News

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ အရပ်သားအချို့ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်ပျက်စီး

အောက်တိုဘာ ၃၀ရက်က မိုးတာရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားအချို့ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့ကြောင်း မိုးတားဒေသခံ အချို့က ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၃၀ရက်က မိုးတာရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၃၀ရက်က တိုက်ပွဲဖြစ်ပွားသည့် ညတွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်ခဲ့၍ မိုးတားလေး ဘုရား ကြီးကျောင်းတွင် လက်နက်ကြီး ထိမှန်ကာ ပျက်စီးမှုများရှိခဲ့ပြီး ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင်တိုက်ပွဲကြောင့်ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မိုးတားသတင်းသိစရာအစုံ အမည်ရှိ Facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

အဆိုပါ မိုးတားဒေသတိုက်ပွဲတွင် KIAနှင့် PDF တို့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။