Connect with us

Hi, what are you looking for?

News

မြင်းမူမြို့တွင် ဒေသခံPDFငါးဖွဲ့ကလက်နက်ကြီးဖြင့်တိုက်ခိုက်၍ စစ်ကောင်စီရဲ နှစ်ဦးသေ၊သုံးဦးဒဏ်ရာရ

မြင်းမူမြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦးအား မြို့မစျေးရှေ့တွင် အဖွဲ့တစ်ခုက သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ငါးဖွဲ့က လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ ရဲ နှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း မြင်းမူ PDFက သတင်းထုတ်ပြန်သည်။

ယနေ့( နိုဝင်ဘာလ ၂ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က မြင်းမူမြို့၊ ကန်ဖျားဇရပ်တွင် ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း၊ ယခုစစ်ဆင်ရေးတွင်People’s Defence Force Myinmu(MMUPDF) မှ ဦးဆောင်၍ မဟာမိတ်ညီနောင်များဖြစ်ကြသော Black Eagle Defence Force(MMU)၊ မြင်းမူလျပ်စီးပြောက်ကြားတပ်ဖွဲ့၊ Falcon Force၊ Myin Mu Defence Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး PDF အဖွဲ့ဝင် ရဲဘော်များထိခိုက်အကျအရှုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

မြင်းမူမြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့နံနက်ပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦးအား မြို့မစျေးရှေ့တွင် အဖွဲ့တစ်ခုက သေနတ်ဖြင့်ပစ်သတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook