Connect with us

Hi, what are you looking for?

LuduNwayOo

News

မြဝတီက ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရှာပြီး လေးဦးဖမ်းဆီးခံရ

ဖမ်းဆီးထားတဲ့ ABSDF မြဝတီဆက်ဆံရေးရုံးအဖွဲ့က လေးဦးကိုတော့ မြဝတီမြို့က စစ်တပ်စစ်ဗျူဟာရုံးမှာ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

People's Spring
People's Spring

စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ညွန်ကြားချက်နဲ့ မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို ရှာဖွေစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီအချိန်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ABSDF ဆက်ဆံရေးရုံးကို စစ်တပ်နဲ ရဲတွေရောက်လာပြီး မေးမြန်းစရာရှိလို့ဆိုကာ ရုံးတာဝန်ခံအပါအဝင် အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီလို လာရောက်ဖမ်းဆီးခေါ်ဆောင်တာဟာ ရတခတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ရဲ့ ညွန်ကြားချက်အရဖြစ်တယ်လို့ လာရောက်ဖမ်းဆီးရာမှာ ဦးဆောင်သူဖြစ်တဲ့ တာဝန်ခံတပ်မှူးကပြောကြားခဲ့ကြောင်း အဲဒီ စစ်ကောင်စီနဲ့နီးစပ်တဲ့ရင်းမြစ်က ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ABSDF မြဝတီဆက်ဆံရေးရုံးအဖွဲ့က လေးဦးကိုတော့ မြဝတီမြို့က စစ်တပ်စစ်ဗျူဟာရုံးမှာ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ABSDF ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဟာ တစ်နိုင်င်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။