Connect with us

Hi, what are you looking for?

News

မြဝတီက ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရှာပြီး လေးဦးဖမ်းဆီးခံရ

ဖမ်းဆီးထားတဲ့ ABSDF မြဝတီဆက်ဆံရေးရုံးအဖွဲ့က လေးဦးကိုတော့ မြဝတီမြို့က စစ်တပ်စစ်ဗျူဟာရုံးမှာ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

People's Spring
People's Spring

စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ညွန်ကြားချက်နဲ့ မြဝတီမြို့မှာရှိတဲ့ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဆက်ဆံရေးရုံးကို ရှာဖွေစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီအချိန်က ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ABSDF ဆက်ဆံရေးရုံးကို စစ်တပ်နဲ ရဲတွေရောက်လာပြီး မေးမြန်းစရာရှိလို့ဆိုကာ ရုံးတာဝန်ခံအပါအဝင် အဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီလို လာရောက်ဖမ်းဆီးခေါ်ဆောင်တာဟာ ရတခတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်ရဲ့ ညွန်ကြားချက်အရဖြစ်တယ်လို့ လာရောက်ဖမ်းဆီးရာမှာ ဦးဆောင်သူဖြစ်တဲ့ တာဝန်ခံတပ်မှူးကပြောကြားခဲ့ကြောင်း အဲဒီ စစ်ကောင်စီနဲ့နီးစပ်တဲ့ရင်းမြစ်က ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ABSDF မြဝတီဆက်ဆံရေးရုံးအဖွဲ့က လေးဦးကိုတော့ မြဝတီမြို့က စစ်တပ်စစ်ဗျူဟာရုံးမှာ ထိန်းသိမ်းဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ABSDF ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးဟာ တစ်နိုင်င်လုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။