Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင်ဖိတ်တဲ့ပွဲသွားတက်ပြီးမှ ပြန်ရှင်းတဲ့ ရန်အောင်

“မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ ဒီထက်ပိုပြီး ဘာအပေးအယူ ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး” ဟု ရန်အောင်က ရေးသားထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် နှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံကြောင့် ဝေဖန်မှုများခံနေရသည့်အပေါ် သရုပ်ဆောင်ရန်အောင်က ပြန်လည်ဖြေရှင်းလိုက်သည်။

“မလွတ်မြောက်သေးတဲ့ ကျွန်တော့ရဲ့အနုပညာညီအစ်ကိုမောင်နှမတွေအတွက် ပြောဆိုတင်ပြဖို့ အခွင့်အရေးလေးတစ်ခု ရနိူင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်တစ်ခုထဲနဲ့ ဒီပွဲကိုတက်မယ်လို့ ဆုံးဖြတ်တက်ရောက်ခဲ့ပါတယ်၊ ဒီထက်ပိုပြီး ဘာအပေးအယူ ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါဘူး” ဟု ရန်အောင်က ရေးသားထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များ နှင့် အောက်တိုဘာ ၃၁ ရက်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလျှင် ငွေကျပ် သိန်းတစ်ထောင်စီ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယကနှင့် ယာယီဦးစီးကော်မတီ ဥက္ကဋ္ဌ ဒါရိုက်တာ ကြည်စိုးထွန်း၊ရန်အောင်၊ မိုးယံဇွန်၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)၊ အောင်ခိုင်၊ယုန်လေး၊ မယ်လိုဒီ ၊ ဂျင်နီ၊ တက္ကသိုလ်လဲ့လဲ့၊ အမေထားနှင့် အနုပညာရှင်များ တက်ရောက်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အနုပညာရှင်တွေ မတရားဖမ်းဆီးထောင်ချခံနေရချိန်မှာ ယခုလိုပွဲသွားတက်သည့် အနုပညာရှင်များဝေဖန်ခံနေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီက မြူးကြွလှပ ရန်ကုန်ည အမည်ဖြင့် ဖျော်ဖြေပွဲကို နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်ခဲ့သည်။
အဆိုပါပွဲတွင် ရန်အောင် ၊ ရဲအောင် ၊ မိုးယံဇွန် ၊ မယ်လိုဒီ ၊ ယဥ်လက် စသည့် အနုပညာရှင်များပါဝင်ဖျော်ဖြေမည်ဟု ကြေညာခဲ့ပြီး ယင်းပွဲတွင် ရန်အောင်ပါဝင်ဖျော်ဖြေခဲ့ခြင်းမတွေ့ရပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာဥ်အိုယာဥ်ဟောင်းတွေ အပ်နှံပြီး လျှပ်စစ်သုံးယာဉ်(EV) တင်သွင်းမယ့်စနစ် စတော့မယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပေါ် နယူးဒေလီရောက် မြန်မာတွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့ ခွင့်ပြုချက်ကို ရဲတပ်ဖွဲ့ဒုတိယမဟာမင်းကြီးဆီ တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

မြန်မာပြည်မှာ အာဏာရှင်တွေဟာ သူတို့ဟာ ဘုန်းကံရှင်တွေ မင်းကောင်းမင်းမြတ်တွေ အဖြစ် အများပြည်သူတွေ ထင်လာအောင် လုပ်တဲ့နည်းအချို့ ရှိပါတယ်။