Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် ထိုင်းရောက်နေချိန် ဒီးမော့ဆိုက စစ်ရှောင်စခန်းကို ဗုံးကြဲ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Screenshot

ဩဂုတ်-၆၊၂၀၂၆။ဇော်၀င်း/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဩဂုတ် ၆ ရက်)ညနေ ၅ နာရီ ၄၀ မိနစ်ကစပြီး ည ၇ နာရီအထိ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ မြို့အနောက်ခြမ်းက စစ်ဘေးရှောင်စခန်းကို ၃ ကြိမ် ဗုံးကြဲခဲ့တာအပြင် ပစ်ခတ်မှုတွေပါရှိခဲ့တယ်လို့ ဆိုပါတယ်။

“ညနေပိုင်းကလာကြဲတာ စစ်ရှောင်စခန်းကို။ စစ်ရှောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရတယ်”လို့ ကရင်နီ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးဘဲ ဒေသခံတွေအနေနဲ့ လေကြောင်းသတိပြုနေထိုင်ဖို့ တိုက်တွန်းပါတယ်။

“ကြဲတဲ့ရွာနာမည်တော့ အတိအကျမသိရသေးဘူး။လေယာဉ်နဲ့ ဗုံးကြဲနေတာကိုတော့ ကျွန်တော်တို့ အဝေးကနေ မှတ်တမ်းတင်နိုင်ခဲ့တာရှိတယ်”လို့ ဒီးမော့ဆို မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးရွာအနီးမှာပဲ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား နှစ်ဖက်ထိတွေ့မှု ပြင်းထန်နေတာရှိပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်းဟာ ရှမ်း-ကရင်နီအစပ်က ပြည်သူအများစု စစ်ဘေးရှောင်ကြတဲ့ နေရာဖြစ်ပါတယ်။

အခုဩဂုတ် ၄ ရက်ကလည်း ဖရူဆိုမြို့နယ်က စစ်ရှောင်စခန်း တနေရာကို စစ်တပ်က ဒရုန်းတိုက်ခိုက်မှုကြောင့် ၆လသားအရွယ် ကလေးငယ် ၁ဦးအပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။

ဖရူဆို ၊ ဒီးမော့ဆိုနဲ့ မိုးဗြဲဒေသတွေမှာ စစ်တပ်က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ မကြာခဏ ဖြစ်နေတယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) – CTERက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။