Connect with us

Hi, what are you looking for?

News

မြန်မာမှာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်လာရေး ဗြိတိန်ဆက်လက်ထောက်ခံမယ်

NUG နဲ့ အခြားသော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေရှာမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တာကို ဗြိတိန်ဝန်ကြီးMilling က မှတ်ချက်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ငြိမ်းချမ်းစွာပြန်လည်အသက်ဝင်လာရေးအတွက် ဗြိတိန်အစိုးရက ဆက်လက်ထောက်ခံအားပေးနေမယ်လို့ အာရှဒေသဆိုင်ရာဝန်ကြီး Amanda Milling က ပြော ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာရှဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Amanda Milling တို့ ဒီနေ့(နိုဝင်ဘာ ၄ရက်)အွန်လိုင်းကနေ တွေ့ဆုံခဲ့ရာမှာ ဗြိတိန်အစိုးရရဲ့ သဘော ထားကို ဗြိတိန်ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့တာပါ။

NUG နဲ့ အခြားသော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေရှာမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တာကို ဗြိတိန်ဝန်ကြီးMilling က မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီတွေ့ဆုံရာမှာ ဗြိတိန်ဟာ ရွေးကောက်ခံအစိုးရကို အားပေးထောက်ခံကြောင်း ထပ်လောင်းဖော်ပြခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ အဓမ္မအာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြိုခွင်းမှု၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းယူဖျက်ဆီးမှု၊ စစ်ကိုင်း၊ ချင်း ၊ ကရင်နီ အစရှိတဲ့ ဒေသများမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ စိန်ခေါ်မှု၊ COVID ကာကွယ်ဆေးရရှိဖို့ အရေးကြီး လိုအပ်နေမှု စတာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။