Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာမှာ ဒီမိုကရေစီ ပြန်လည်အသက်ဝင်လာရေး ဗြိတိန်ဆက်လက်ထောက်ခံမယ်

NUG နဲ့ အခြားသော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေရှာမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တာကို ဗြိတိန်ဝန်ကြီးMilling က မှတ်ချက်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ငြိမ်းချမ်းစွာပြန်လည်အသက်ဝင်လာရေးအတွက် ဗြိတိန်အစိုးရက ဆက်လက်ထောက်ခံအားပေးနေမယ်လို့ အာရှဒေသဆိုင်ရာဝန်ကြီး Amanda Milling က ပြော ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာရှဒေသဆိုင်ရာ ဗြိတိန်ဝန်ကြီး Amanda Milling တို့ ဒီနေ့(နိုဝင်ဘာ ၄ရက်)အွန်လိုင်းကနေ တွေ့ဆုံခဲ့ရာမှာ ဗြိတိန်အစိုးရရဲ့ သဘော ထားကို ဗြိတိန်ဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့တာပါ။

NUG နဲ့ အခြားသော ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကာလအတွက် အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအဖြေရှာမှုမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တာကို ဗြိတိန်ဝန်ကြီးMilling က မှတ်ချက်ပြုခဲ့ပါတယ်။

အဲဒီတွေ့ဆုံရာမှာ ဗြိတိန်ဟာ ရွေးကောက်ခံအစိုးရကို အားပေးထောက်ခံကြောင်း ထပ်လောင်းဖော်ပြခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့ အဓမ္မအာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ဖြိုခွင်းမှု၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းယူဖျက်ဆီးမှု၊ စစ်ကိုင်း၊ ချင်း ၊ ကရင်နီ အစရှိတဲ့ ဒေသများမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ စိန်ခေါ်မှု၊ COVID ကာကွယ်ဆေးရရှိဖို့ အရေးကြီး လိုအပ်နေမှု စတာတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။