Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်စခန်းချရာအနီးတွင် မြေမြုပ်ထားသော ပြည်သူနှစ်ဦး၏ရုပ်အလောင်းတွေ့

ဆိုပါ ရုပ်အလောင်းများကို KNDF ဒီးမော့ဆိုဇုန်က ပြန်လည်တူးဖော်ပြီး ကောင်းမွန်စွာသဂြိုလ် ပေးခဲ့ပြီး ဖြစ်ကြာင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီစခန်းချရာအနီး နယ်မြေ ရှင်းလင်းစဥ် ပြည်သူနှစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း KNDF ဒီးမော့ဆိုဇုန်က ထုတ်ပြန်သည်။

နိုဝင်ဘာ ၆ ရက်က စစ်ကောင်စီစခန်းချရာနေရာအနီး၌ မြေမြုပ်ထားသော ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိပြီး ထိုရုပ်အလောင်းများမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်ခံခဲ့ရသည်ဟု KNDFက ဆိုသည်။

ရုပ်အလောင်းများ၏ လည်ပင်းတွင် ကြိုးကွင်းစွတ်ထားပြီး နှစ်ဦးစလုံးကို ကွေးလျှက် အနေအထားဖြင့် အတူ မြေမြုပ်ထားသည်ကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။

အဆိုပါ ရုပ်အလောင်းများကို KNDF ဒီးမော့ဆိုဇုန်က ပြန်လည်တူးဖော်ပြီး ကောင်းမွန်စွာသဂြိုလ် ပေးခဲ့ပြီး ဖြစ်ကြာင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာသိမ်းချိန်မှစ၍ နိုဝင်ဘာ ၂ ရက်အထိ စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကယားပြည်နယ်တွင် သက်သေအထောက် အထားခိုင်လုံသော အရပ်သားများသေဆုံးမှု အရေအတွက်မှာ ၉၉ ဦးအထိ ရှိနေသည်။

ထို့အပြင် ကယားပြည်နယ်အတွင်း ပြည်သူလူထု၏ အိုးအိမ်စည်းစိမ် ဖျက်ဆီးခံရမှုမှာ နေအိမ်၃၇၆ လုံးရှိခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPFက ဆိုသည်။

ဓာတ်ပုံ – KNDF

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

Facebook