Connect with us

Hi, what are you looking for?

LuduNwayOo

News

ထောင်ထွက်လူမိုက်နဂါး​လေး​သေနတ်ဖြင့် အပစ်ခံရပြီး​နောက် စစ်​ကောင်စီတပ်နှင့် ​တော်လှန်​ရေးအဖွဲ့​တောင်ဒဂုံတွင်ပစ်ခတ်၊ စစ်​သားများက တစ်အိမ်တက်ဆင်းလိုက်ရှာ

​တောင်ဒဂုံမြို့သစ်တောင်ပိုင်း (၂၀) ရပ်ကွက်တွင်စစ်တပ်ထောက်ခံသူ ထောင်ထွက်လူမိုက် တစ်ဦးဖြစ်သည့် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ​တော်လှန်​ရေးအဖွဲ့တစ်ဖွဲ့က ယ​နေ့​ နေ့ခင်းပိုင်းတွင်​ သေနတ်ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး နဂါး​လေးခါးတွင် ကျည်ဆံထိမှန်သွားသည်ဟုဒေသခံများက ပြောသည်။

တောင်ဒဂုံမြို့နယ်တွင် အာဏာသိမ်းစစ်​ကောင်စီသတင်းပေး ​ထောင်ထွက်လူမိုက်နဂါး​လေး​သေနတ်ဖြင့်အပစ်ခံရပြီးနောက် အမည်မသိလက်နက်ကိုင်အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကသည်။

​တောင်ဒဂုံမြို့သစ်တောင်ပိုင်း (၂၀) ရပ်ကွက်တွင်စစ်တပ်ထောက်ခံသူ ထောင်ထွက်လူမိုက် တစ်ဦးဖြစ်သည့် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ​တော်လှန်​ရေးအဖွဲ့တစ်ဖွဲ့က ယ​နေ့​ နေ့ခင်းပိုင်းတွင်​ သေနတ်ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး နဂါး​လေးခါးတွင် ကျည်ဆံထိမှန်သွားသည်ဟုဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ပေါင်းပြီး လူပါးဝနေတဲ့ လူမိုက်ကို လာရှင်းတာပါ”ဟု တောင်ဒဂုံမြို့ခံတစ်ဦးက ပြောသည်။အပစ်ခံရ​သောနဂါး​လေးသည် ကျည်ဆံထိမှန်သွားသော်လည်း သေဆုံးခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ဆက်ပြောသည်။

” လူမိုက် နဂါးလေးကို ပျောက်ကြားတစ်ဖွဲ့က အောင်ဗောဓိဘုရားနောက်နားမှာ သေနတ်နဲ့ လာပစ်တယ်လို့ သိရတယ်။ နဂါးလေးက သေနတ်ကျည်ဆန်ခါးကိုပဲ ထိသွားပြီး မသေသွားဘူး။ စစ်တပ်က နဂါးလေးပစ်ခံရလို့ တစ်ရပ်ကွက်လုံး ပတ်စစ်တဲ့အချိန် (၁၉) ရပ်ကွက်နားမှာ အပြန်အလှန်ပစ်ကြတယ်လို့ သိရတယ်။ နှစ်ဖက်လုံး ဒဏ်ရာရတာတွေ ရှိတယ်လို့တော့ ကြားတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ စစ်တပ်ကတော့ ရပ်ကွက်ကို ပတ်ပြီး တောက်လျောက်စစ်နေပါတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီသတင်း​ပေး​ထောင်ထွက်လူမိုက်​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​နောက် ​ရောက်လာ​သောစစ်​ကောင်စီတပ်သားများနှင့် ​တော်လှန်​ရေးအဖွဲ့တို့မှာတောင်ဒဂုံမြို့နယ် (၂၀) ရပ်ကွက် ၊အောင်ဗောဓိဘုရားအနီးတွင် ယ​နေ့မွန်းတည့် ၁၂ နာရီခန့်က နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားများက တောင်ဒဂုံမြို့နယ်ကို ပိတ်ဆို့စစ်ဆေးမူများပြုလုပ်ခဲ့ပြီး နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။ န​ဂါး​လေးကိုသေနတ်ဖြင့်ပစ်ခတ်သည့်သူများသည် ထိုရပ်ကွက်အတွင်း ပုန်းနေသည်ဟုဆိုကာ အကြမ်းဖက်စစ်သားများကတစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံရှာဖွေနေသည်။

(​ဓါတ်ပုံ-ထောင်ထွက်လာပြီးစစ်​ကောင်စီသတင်း​ပေးလုပ်​နေပြီးယ​နေ့​သေနတ်ဖြင့်အပစ်ခံရ​သောနဂါး​လေး)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။