Connect with us

Hi, what are you looking for?

News

ထောင်ထွက်လူမိုက်နဂါး​လေး​သေနတ်ဖြင့် အပစ်ခံရပြီး​နောက် စစ်​ကောင်စီတပ်နှင့် ​တော်လှန်​ရေးအဖွဲ့​တောင်ဒဂုံတွင်ပစ်ခတ်၊ စစ်​သားများက တစ်အိမ်တက်ဆင်းလိုက်ရှာ

​တောင်ဒဂုံမြို့သစ်တောင်ပိုင်း (၂၀) ရပ်ကွက်တွင်စစ်တပ်ထောက်ခံသူ ထောင်ထွက်လူမိုက် တစ်ဦးဖြစ်သည့် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ​တော်လှန်​ရေးအဖွဲ့တစ်ဖွဲ့က ယ​နေ့​ နေ့ခင်းပိုင်းတွင်​ သေနတ်ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး နဂါး​လေးခါးတွင် ကျည်ဆံထိမှန်သွားသည်ဟုဒေသခံများက ပြောသည်။

တောင်ဒဂုံမြို့နယ်တွင် အာဏာသိမ်းစစ်​ကောင်စီသတင်းပေး ​ထောင်ထွက်လူမိုက်နဂါး​လေး​သေနတ်ဖြင့်အပစ်ခံရပြီးနောက် အမည်မသိလက်နက်ကိုင်အဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကသည်။

​တောင်ဒဂုံမြို့သစ်တောင်ပိုင်း (၂၀) ရပ်ကွက်တွင်စစ်တပ်ထောက်ခံသူ ထောင်ထွက်လူမိုက် တစ်ဦးဖြစ်သည့် နဂါးလေး(ခ) အောင်နိုင်မြင့်ကို ​တော်လှန်​ရေးအဖွဲ့တစ်ဖွဲ့က ယ​နေ့​ နေ့ခင်းပိုင်းတွင်​ သေနတ်ဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး နဂါး​လေးခါးတွင် ကျည်ဆံထိမှန်သွားသည်ဟုဒေသခံများက ပြောသည်။

“စစ်တပ်နဲ့ပေါင်းပြီး လူပါးဝနေတဲ့ လူမိုက်ကို လာရှင်းတာပါ”ဟု တောင်ဒဂုံမြို့ခံတစ်ဦးက ပြောသည်။အပစ်ခံရ​သောနဂါး​လေးသည် ကျည်ဆံထိမှန်သွားသော်လည်း သေဆုံးခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်ကြောင်း ဒေသခံများက ဆက်ပြောသည်။

” လူမိုက် နဂါးလေးကို ပျောက်ကြားတစ်ဖွဲ့က အောင်ဗောဓိဘုရားနောက်နားမှာ သေနတ်နဲ့ လာပစ်တယ်လို့ သိရတယ်။ နဂါးလေးက သေနတ်ကျည်ဆန်ခါးကိုပဲ ထိသွားပြီး မသေသွားဘူး။ စစ်တပ်က နဂါးလေးပစ်ခံရလို့ တစ်ရပ်ကွက်လုံး ပတ်စစ်တဲ့အချိန် (၁၉) ရပ်ကွက်နားမှာ အပြန်အလှန်ပစ်ကြတယ်လို့ သိရတယ်။ နှစ်ဖက်လုံး ဒဏ်ရာရတာတွေ ရှိတယ်လို့တော့ ကြားတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ။ စစ်တပ်ကတော့ ရပ်ကွက်ကို ပတ်ပြီး တောက်လျောက်စစ်နေပါတယ် ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီသတင်း​ပေး​ထောင်ထွက်လူမိုက်​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​နောက် ​ရောက်လာ​သောစစ်​ကောင်စီတပ်သားများနှင့် ​တော်လှန်​ရေးအဖွဲ့တို့မှာတောင်ဒဂုံမြို့နယ် (၂၀) ရပ်ကွက် ၊အောင်ဗောဓိဘုရားအနီးတွင် ယ​နေ့မွန်းတည့် ၁၂ နာရီခန့်က နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်သားများက တောင်ဒဂုံမြို့နယ်ကို ပိတ်ဆို့စစ်ဆေးမူများပြုလုပ်ခဲ့ပြီး နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။ န​ဂါး​လေးကိုသေနတ်ဖြင့်ပစ်ခတ်သည့်သူများသည် ထိုရပ်ကွက်အတွင်း ပုန်းနေသည်ဟုဆိုကာ အကြမ်းဖက်စစ်သားများကတစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံရှာဖွေနေသည်။

(​ဓါတ်ပုံ-ထောင်ထွက်လာပြီးစစ်​ကောင်စီသတင်း​ပေးလုပ်​နေပြီးယ​နေ့​သေနတ်ဖြင့်အပစ်ခံရ​သောနဂါး​လေး)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

အတွေးအမြင်

-ကိုလီနို(လှိုင်သာယာ)​ရေးသားသည်။ မန္တလေးဆိုသည် နှင့် တချိန်ကယဉ်ကျေးမှု၊ အနုပညာနှင့် ကုန်သွယ်စီးပွားရေးတို့ အေးချမ်းစွာ စီးဆင်းရာ မြို့တော်တခုအဖြစ်မြင်ကြပေလိမ့်မည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေး၏ မြို့ပြလူနေမှုစနစ် နှင့်တရားဥပဒေစိုးမိုးရေးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။ ယနေ့ကာလ မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ကိုင်၊ ဓားကိုင်ခွင့်ရထားသည့်အာဏာပိုင်တို့၏ လက်ပါးစေဇိုးများ၊...