Connect with us

Hi, what are you looking for?

LuduNwayOo

News

သမိုင်း (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုဝင်ပစ်လို့ နှစ်ဦးသေ၊ တစ်ဦးစိုးရိမ်ရ

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လည် ၁ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမည်မသိအမျိုးသားသုံးဦးက ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အဆိုပါရုံးအတွင်းရှိသည့် ဦးကျော်စိုးဝင်းနဲ့ အောင်ပြည့်စုံထွန်းဆိုသူနှစ်ဦးသေဆုံးပြီး အာကာနဲ့ ဝင်းဗိုလ်ဆိုသူနှစ်ဦးဒဏ်ရာရရှိခဲ့ရာမှာ ဝင်းဗိုလ်ဆိုသူမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဟုတ်၊မဟုတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စဥ့်ကူးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။

သတင်း

ယမန်နေ့ (ဇူလိုင် ၂၃ ရက်) နံနက် ၃နာရီခန့်က အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ငါးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF)အဖွဲ့၏ တာဝန်ခံက ပြောသည်။