Connect with us

Hi, what are you looking for?

News

သမိုင်း (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုဝင်ပစ်လို့ နှစ်ဦးသေ၊ တစ်ဦးစိုးရိမ်ရ

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

မရမ်းကုန်းမြို့နယ် သမိုင်း(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် နှစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လည် ၁ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမည်မသိအမျိုးသားသုံးဦးက ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အဆိုပါရုံးအတွင်းရှိသည့် ဦးကျော်စိုးဝင်းနဲ့ အောင်ပြည့်စုံထွန်းဆိုသူနှစ်ဦးသေဆုံးပြီး အာကာနဲ့ ဝင်းဗိုလ်ဆိုသူနှစ်ဦးဒဏ်ရာရရှိခဲ့ရာမှာ ဝင်းဗိုလ်ဆိုသူမှာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

၎င်းတို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များဟုတ်၊မဟုတ်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ဒီကနေ့(နိုဝင်ဘာ ၇)နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။