Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဥ္ဇာဇော် ထောင်ဒဏ်၁၀နှစ် ချခံရ

သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ခြောက်ဦးသည် စက်တင်ဘာလ ၁၄ရက်ညပိုင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ဖမ်းဆီးထားသော ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မသဉ္ဇာဇော်(ဓာတုဗေဒ-တတိယနှစ်)ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄-ခ(က) ဖြင့် ယနေ့(နိုဝင်ဘာလ ၈ရက်)တွင် စစ်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်ခဲ့သည်။

သူမ အပါအဝင် ဒဂုံတက္ကသိုလ်မှကျောင်းသား‌ ကျောင်းသူ ခြောက်ဦးသည် စက်တင်ဘာလ ၁၄ရက်ညပိုင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၌ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူ ခြောက်ဦးအနက် ကိုစည်သူအောင်တင်သည် နိုဝင်ဘာ ၃ရက်တွင် ထောင် ၁၀နှစ်ချမှတ်ခြင်းခံခဲ့ရပြီး ကျန်‌ကျောင်းသား‌၊ကျောင်းသူ ၄ဦး၏ အမှုများကိုမူ ယနေ့အချိန်ထိ အမိန့်ချခြင်းမရှိသေးဟု ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဆိုသည်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ပထမပတ်အထိ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇,၀၀၀ ကျော်အထိရှိကာ ယင်းအနက် ၃၀၀ ခန့်သည် နှစ်ရှည်ထောင်ဒဏ်အများစုချမှတ်ခံထားရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။

သတင်း

ယနေ့ (သြဂုတ် ၁၆) ညနေ ၄ နာရီခွဲခန့်တွင် အောက်မင်္ဂလာဒုံလမ်းပေါ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ အရှိန်လွန်ပြီး ကိုယ်ပိုင်အထက်ကျောင်းတစ်ခု၏ ကျောင်းကားနှင့် အိမ်စီးကားတို့ကို ဝင်တိုက်ကာ သုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

သတင်း

အဲဒီပွဲကိုတက်ရောက်ရတဲ့ ကျောင်းသား ၊ကျောင်းသူ တွေ မူးမေ့လဲကျတာ ၊ သတိလစ်တာတွေ ဖြစ်ခဲ့တယ်လို့ တောင်ကြီးမြို့ ကြက်ခြေနီက ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။