ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် ယနေ့(နိုဝင်ဘာ ၉)နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီသတင်းပေးဒလန်ဟုဆိုသူအမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံးသွားကြောင်း အခင်းဖြစ်ရပ်ကွက်နေပြည်သူများက ပြောသည်။
ကမာရွတ်မြို့နယ် (၅) ရပ်ကွက်ရှိ ဆရာစံလမ်းနှင့် အောင်သုခလမ်းထောင့် ဓမ္မာရုံရှေ့တွင် ဒလန်ပျူစောထီးနာမည်ထွက်သူ ပြားကြီးဆိုသည့် အမျိုးသမီးပစ်သတ်ခံရခြင်း ဖြစ်သည်။

ပစ်ခတ်သူများက သေနတ်ဖြင့် (၇)ချက်ခန့်ချက် ပစ်ခတ်ခဲ့ရာ ပြားကြီးဆိုသည့်အမျိုးသမီးမှာ အခင်းဖြစ်သည့်နေ၌ ပွဲချင်းပြီး သေဆုံးကာ ၎င်းနှင့်အတူပါလာသည့် ဆိုက်ကားသမားမှာလည်း ခါးနှင့်ဝမ်းဗိုက်တို့တွင် သေနတ်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများကပြောသည်။
အခင်ဖြစ်ပြီး ၂ နာရီခန့်အကြာတွင် စစ်ကောင်စီတပ်များက ရုပ်အလောင်းအား ဆေးရုံကားဖြင့် သယ်ဆောင်သွားခဲ့သည်။

Public Service Announcement


















































