Connect with us

Hi, what are you looking for?

News

ကချင်ပြည်နယ်လယ်/ဆည်ဝန်ကြီး ဦး​ကျော်​ကျော်ဝင်းအိမ်ကို စစ်​ကောင်စီကချိတ်ပိတ်

” ဦးကျော်ကျော်ဝင်းအိမ် ချိတ်ပိတ်သွားတယ်။ မနေ့ညက ပစ္စည်းတွေ ရွေ့တယ်။ စာကပ်သွားတယ်”
ဟု ဦးကျော်ကျော်ဝင်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

အရပ်သားအစိုးရလက်ထက် ကချင်ပြည်နယ်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးလည်းဖြစ် ၊ဒီချုပ်ပါတီမှ ပြည်နယ်လွှတ်​တော်အမတ်​ဟောင်း ဦးကျော်ကျော်ဝင်း၏ မိုးညှင်းမြို့ရှိ နေအိမ်ကို အာဏာသိမ်းစစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ဒေသခံများကပြောသည်။

မိုးညှင်းမြို့ရှိ ဦးကျော်ကျော်မင်း၏ နေအိမ်ကိုအကြမ်းဖက်စစ်ကောင်စီက ယမန်နေ့(နိုဝင်ဘာ ၈)ညတွင် ချိတ်ပိတ်သွားသည်ဟု ဆိုသည်။

” ဦးကျော်ကျော်ဝင်းအိမ် ချိတ်ပိတ်သွားတယ်။ မနေ့ညက ပစ္စည်းတွေ ရွေ့တယ်။ စာကပ်သွားတယ်”
ဟု ဦးကျော်ကျော်ဝင်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

ဦးကျော်ကျော်ဝင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု အနိုင်ရခဲ့ပြီး ဝန်ကြီး ဖြစ်လာခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးကျော်ကျော်ဝင်းအပါအဝင် ဒီချုပ်ပါတီကိုယ်စားပြု ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးအချို့ဖမ်းဆီးခံခဲ့ရသည်။ ထို့နောက် ပြန်လွှတ်ပေးခဲ့ရာ ဝန်ကြီးအချို့ နောက်တစ်ကြိမ်ဖမ်းဆီးခံရသော်လည်း ဦးကျော်ကျော်ဝင်းသည် လွတ်​မြောက်နယ်မြေသို့ ရောက်အောင် တိမ်းရှောင်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။