Connect with us

Hi, what are you looking for?

News

ဟားခါးရှိ ပြည်နယ်ရဲအရန်တပ်ရင်းကို ချင်းပူးပေါင်းတပ်ဖွဲ့ ဝင်တိုက်ခိုက်ရာ ရဲ ၇ဦးသေ

CNF၏ တပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပူပေါင်းအဖွဲ့သည် နံနက် ၆နာရီခန့်တွင် ဟားခါးရှိ ပြည်နယ်ရဲရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(CDFရဲ​ဘော်များ၏ ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ် ရဲအရန်တပ်ရင်းတည်ရှိရာနေရာကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ယနေ့(နိုဝင်ဘာ၉ရက်)နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၇ဦးသေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက PSသို့ ပြောကြားသည်။

CNF၏ တပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ပူပေါင်းအဖွဲ့သည် နံနက် ၆နာရီခန့်တွင် ဟားခါးရှိ ပြည်နယ်ရဲရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အဲဒီမှာ သူတို့ဘက်က ၇ယောက်ကျတာပေါ့။ အရင်တစ်ခါတက်လာတဲ့ စစ်ကြောင်း ( ဖလမ်းမှ ဟားခါးသို့ တက်လာသည့် စစ်ကြောင်း) နဲ့ ပါလာတဲ့ ရဲတပ်ရင်းတွေပေါ့။ ဟားခါး ပြည်နယ် ရဲစခန်းအတွင်းမှာ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၇ယောက်ကျတယ်။ ကျတဲ့အကြောင်းအရင်းက သူတို့ မနက်အစောကြီး အိပ်ယာထ မျက်နှာသစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ သွားပစ်တာ” ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ရာ ချင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။